“အကယ်ဒမီမင်းသမီးကြီး ခိုင်ခင်ဦးဟာ လေးစားချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပါဆိုတဲ့ ခန့်စည်သူ”

နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်းသား ခန့်စည်သူကတော့တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အသည်းကို ဖမ်းစားခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီးခိုင်ခင်ဦးဟာလေးစားချစ်ခင်ရတဲ့အနုပညာရှင်တစ်ယောက်ဖြစ်တဲ့အကြောင်းကို“ခေတ်တစ်ခေတ်မှာပရိတ်သတ်များရဲ့နှလုံးသားကိုသိမ်းကျုံးယူငင်နိုင်စွမ်းရှိခဲ့သော၊ ချစ်ခင်လေးစားရတဲ့အကယ်ဒမီအနုပညာရှင် တစ်ဦးနဲ့ခုလိုဓါတ်ပုံတူတူတွဲရိုက်ခွင့်ရခဲ့တာမယုံနိုင်စရာအိပ်မက်တစ်ခုလိုပါပဲ။”လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။

မင်းသားချောခန့်စည်သူကတော့ “Legends of Warriors (တစစ်တမက် ကိုယ်နှင့်သက်ကို)” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။သူဟာပရိသတ်တွေနဲ့လုပ်ဖော်ကိုင်ဖက်အနုပညာရှင်တွေကချစ်စနိုးနဲ့“ကိုခန့်”လို့ခေါ်ကြပြီးအနုပညာလောကမှာအောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်။ ပီပြင်လှတဲ့သူရဲ့သရုပ်ဆောင်မှုတွေကြောင့်(၂၀၀၈)ခုနှစ်မှာ“အများနဲ့ မသက်ဆိုင်သောသူ” ဇာတ်ကားကြီးဖြင့် အကောင်းဆုံးအမျိုးသား ဇာတ်ဆောင်ဆုကြီးကို ရရှိပိုင်ဆိုင်ထားပါသေးတယ်။

ပရိသတ်ကြီးရေ ပရိသတ်တွေအချစ်တော် နိုင်ငံကျော်ဒိတ်ဒိတ်ကြဲမင်သား ခန့်စည်သူကတော့ ဆယ်စုနှစ်တစ်ခုတိုင်တိုင် အောင်မြင်မှုထိန်းထားနိုင်တဲ့ အနုပညာရှင်ဖြစ်တဲ့အလျှောက်ရှေ့ရှေ့က အနုပညာရှင်ကြီးများကိုလည်း လေးစားချစ်ခင်တဲ့သူပဲဖြစ်ပါတယ်။ ခန့်စည်သူကတော့တစ်ခေတ်တစ်ခါက ပရိသတ်တွေရဲ့အသည်းကိုဖမ်းစားခဲ့တဲ့ အကယ်ဒမီမင်းသမီးကြီး ခိုင်ခင်ဦးဟာ လေးစားချစ်ခင်ရပါတယ်တဲ့။

Source: Kyaw Soe Win,CRD-DarDar-CeleGabar