ဒုတိယကမ္ဘာစစ်တုန်းက နူယူကလီးယား ဗုံးပေါက်ကွဲမှုကို ကိုယ်တိုင်ကြုံခဲ့ကြတဲ့ အတွေအကြေံတွေပြန်ပြောခဲ့တဲ့ စစ်သားဟောင်းကြီးများ

ကမ္ဘာစစ်တွေဖြစ်ပွားချိန်မှာ လက်နက်ကိရိယာတွေ အပြိုင်အဆိုင်အသုံးပြုမှုကြောင့် အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း အနုမြူဗုံးဒဏ်ကြောင့် မြို့တွေပျောက်ကွယ်သွားတဲ့အထိ ထိခိုက်မှုများခဲ့တာကိုလည်း အားလုံးသိပြီးသားဖြစ်ပါတယ်။ ကြောက်မက်ဖွယ်ကောင်းတဲ့ ဒုတိယကမ္ဘာစစ်အတွင်းက အနုမြူဗုံးပေါက်ကွဲမှုအကြောင်းကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်ဘက်အရာရှိတွေက သူတို့ရဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

“ကျုပ်တို့ကို အလင်းရောင်မြင်ရရင် မကြည့်ဖို့မှာထားတယ် လက်တွေနဲ့မျက်လုံးကို အုပ်ထားဖို့ကိုလည်း သတိပေးထားတယ် ” လို့ သူတို့အားလုံးကဆိုခဲ့ သလို ” ဗုံးကြဲလိုက်ချိန် အလင်းရောင်တွေဖြာထွက်လာပြီး X ray လိုမျိုးပဲ အဲဒီ့အချိန်မှာ ကိုယ့်လက်က အရိုးတွေ သွေးကြောတွေကိုပါ မြင်နိုင်တယ် “လို့ စစ်ဘက်အရာရှိဟောင်းတွေကဆိုခဲ့ပါတယ်။

“မှိုပွင့်ကြီးလို အလိပ်လိုက်တတ်နေတဲ့ မီးခိုးတွေ တိမ်တွေလိုပုံစံတွေနဲ့ မိခင်ကိုတနေတဲ့ အော်သံတွေ ငိုကြွေးသံတွေကိုကြားရတာ စိတ်ဆင်းရဲစရာပါပဲ ” လို့ အရာရှိဟောင်းတစ်ဦးကလည်း ပြောပြခဲ့ပါတယ်။ အနုမြူဗုံးကြဲတာမြင်ခဲ့ရတဲ့ စစ်အရာရှိတစ်ဦးကတော့ “ဆယ်နှစ်ကျော်က အတူရှိခဲ့တဲ့ လူ၂သောင်းကျော်ဟာ ၂၀၁၃လောက်ကျတော့ ၁သောင်းကျော်ပဲကျန်တော့တယ် စာရင်းကိုစစ်ကြည့်ရင် သူတို့တွေအားလုံး ကင်ဆာရောဂါတွေနဲ့ ဆုံးပါးကုန်ကြတာလို့ သိရတယ်” လို့ အင်တာဗျူးထဲမှာ ဖြေဆိုထားပါတယ်။ ဒီဗီဒီယိုလေးထဲမှာဆိုရင်လည်း အနုမြူဗုံးကြဲစဉ်က အဖြစ်အပျက်ကို ရိုက်ကူးထားတာကို တွေ့ရမှာပါ။ သမိုင်းမှာ ကြီးမားတဲ့ထိခိုက်မှုကြီး ဖြစ်စေခဲ့တဲ့ ဖြစ်ရပ်ဖြစ်တာကြောင့် ဗဟုသုတအနေနဲ့ ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

Source -Vice News,CRD-LLA ( Shwe Yaung Lan )