“တရုတ်မြန်မာချစ်ကြည်ရေး အတွက် တရုတ်နိုင်ငံမှာရုပ်ရှင်ဇာတ်ကားကြီးကို သွားရောက်ရိုက်ကူးရမယ့် အုပ်စိုးခန့်”

အုပ်အုပ်လို့မိန်းကလေး ပရိသတ်တွေချစ်စနိုးခေါ်ဆိုရတဲ့ အဆိုတော်အုပ်စိုးခန့်ဟာ “ချစ်နေပြီ” ဆိုတဲ့ သီချင်းနဲ့စတင် လူသိများလာခဲ့တဲ့ဆယ်ကျော်သက်အဆိုတော်တစ်ဦးဖြစ်ပါတယ်။အခုနောက်ပိုင်းမှာတော့မင်းသားတစ်လက်အနေနနဲ့ပါသရုပ်ဆောင် လောကထဲဝင်ရောက်လာခဲ့ပြီး“အိမ်မက်တွေမိုးတဲ့အိမ်”ရုပ်သံဇာတ်လမ်းတွဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

အုပ်စိုးခန့်ကတော့ပြည်တွင်းမှာသာမက ထိုင်းနိုင်ငံကနှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အားပေးချစ်ခင်ခြင်းကိုလည်း ခံနေရပါသေးတယ်။ထိုင်းနိုင်ငံရဲ့ သတင်းစာမျက်နာထက်တွေထိ နေရာယူအောင်မြင်မှုရရှိနေပြီး ထိုင်းနိုင်ငံရဲ့သတင်းစာမျက်နာ တစ်ခုမှာဆွဲဆောင်မှုအရှိဆုံး မြန်မာမင်းသား(၅)ဦးစာရင်းမှာ အုပ်စိုးခန့်ကိုဖော်ပြထားခဲ့ပါတယ်။ နောက်ထပ်လည်း ThaiTVn အမည်ရတဲ့သတင်းစာမျက်နာတစ်ခုမှာ အုပ်စိုးခန့်ရဲ့ပုံတွေကို ထပ်မံဖော်ပြခံခဲ့ရတဲ့အထိ အောင်မြင်မှုတွေရရှိခဲ့ပါသေးတယ်။

အောင်မြင်မှုတွေဆက်တိုက်ဆိုသလိုရရှိနေတဲ့ အုပ်စိုးခန့်ကတော့(၂၀၂၀)မှာ နောက်ထပ်အောင်မြင်မှုအနေနဲ့ တရုတ်မြန်မာချစ်ကြည်ရေးရုပ်ရှင်ဇာတ်ကားကြီးမှာပါဝင်ရိုက်ကူးခွင့်ရရှိခဲ့ပါတယ်။အုပ်စိုးခန့်ကဒီဇာတ်ကားကြီးကိုတော့တရုတ်နိုင်ငံအထိသွားရောက်ရိုက်ကူးရမှာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေအုပ်စိုးခန့်ကတော့ အောင်မြင်မှုတွေဆက်တိုက်ရရှိနေပြီး နိုင်ငံတကာအထိအောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်တောင်ဖြစ်သွားလေမလား။

Source – OakSoe Khant,CRD-Chilli – CeleGabar