တစ်နေ့ ထိုင်ထ အခါ (၂၀) လုပ်ရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေ..

ခန္ဓာကိုယ်ကျန်းမာလှပဖို့ လေ့ကျင့်ခန်းလည်း လုပ်ချင်တယ်၊ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းတွေလည်း မလုပ်ချင်ဘူးဆိုတဲ့သူလေးတွေအတွက် အသင့်တော်ဆုံးလေ့ကျင့်ခန်းကတော့ နေ့စဉ်ထိုင်ထလုပ်ပေးတာပါပဲ။ ထိုင်ထလေ့ကျင့်ခန်းက အရမ်းရိုးရှင်းလွန်းပေမယ့် ရလာမယ့် အကျိုးသက်ရောက်မှုတွေက အံ့မခန်းမို့ အထင်သေးလို့တော့ မရဘူးနော်။

(၁) တင်းနေတဲ့ကြွက်သားတွေကို ပြေလျော့စေတယ်

Loading...

ထိုင်ထလေ့ကျင့်ခန်းက ခန္ဓာကိုယ်က ကြွက်သားတွေ တင်းကျပ်နေတာကို ပြေလျော့စေနိုင်ပြီး ၀မ်းဗိုက်ကြွက်သား၊ ခြေသလုံးနဲ့ပေါင်ကြွက်သားတွေကို ကျစ်လစ်သွားစေတာကြောင့် သွယ်လျလှပတဲ့ ခြေထောက်လေးတွေကို ရရှိစေပြီး ဗိုက်လေးတွေကိုလည်း ချပ်လာစေပါတယ်။

တစ်နေ့ ထိုင်ထ အခါ (၂၀) လုပ်ရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေ.. 1
(၂) လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေတယ်

ထိုင်ထလုပ်တာက တစ်ကိုယ်လုံးမှာရှိတဲ့ သွေးကြောတွေကို ပွင့်စေပြီး သွေးလှည့်ပတ်မှု ကောင်းစေတာကြောင့် လေးလံထိုင်းမှိုင်းမှုတွေကို ပြေပျောက်စေပြီး သွားလာလှုပ်ရှားရတာ အရင်ကထက် အများကြီးပေါ့ပါးသွက်လက်လာပါလိမ့်မယ်။

(၃) အဆီကျစေတယ်

တင်ပါးမှာ ရှိတဲ့အဆီပိုတွေကို အချိန်တိုအတွင်း ကျစေပြီး ကျစ်လစ်လှပတဲ့ တင်ပါးလေးတွေကို ပိုင်ဆိုင်စေနိုင်တာကလည်း ထိုင်ထလေ့ကျင့်ခန်းပါပဲ။ ဒါကြောင့် တင်ပါးလှချင်တယ်၊ တင်ပါးက အဆီပိုတွေကို လျှော့ချချင်တယ်၊ တင်ပါးဘေးချိုင့်တာတွေကို ပြည့်ချင်တယ်ဆိုရင် နေ့စဉ်ထိုင်ထလေ့ကျင့်ခန်းလုပ်ရုံပါပဲ။

တစ်နေ့ ထိုင်ထ အခါ (၂၀) လုပ်ရုံနဲ့ သင့်ခန္ဓာကိုယ်မှာ ဖြစ်လာမယ့် ကောင်းကျိုးတွေ.. 2
(၄) ကြွက်သားနဲ့အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေတယ

ထိုင်ထလေ့ကျင့်ခန်းကို ပုံမှန်လုပ်တာက ခြေထောက်ကြွက်သားနဲ့ အရိုးအဆစ်တွေကို ကျန်းမာသန်စွမ်းစေတာကြောင့် အသက်ကြီးလာတဲ့အခါ ခြေထောက်သွေးကြောပိတ်တာတွေ၊ လေဖြတ်တာတွေ မဖြစ်အောင် ကာကွယ်ထားပြီးသားလည်းဖြစ်သွားပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေ အသက်ရလာရင်ဖြစ်တတ်တဲ့ အရိုးပါး၊ အရိုးပွရောဂါ မဖြစ်အောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

(၅) ခန္ဓာကိုယ်ကောက်ကြောင်းလှပစေတယ်

ထိုင်ထလေ့ကျင့်ခန်းကို နေ့တိုင်းပုံမှန်လုပ်ပေးသွားမယ်ဆို ခန္ဓာကိုယ်အလှကို ဖျက်နေတဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီး ကောက်ကြောင်းလှလှလေးကို ရရှိစေနိုင်တာကြောင့် တခြားလေ့ကျင့်ခန်းတွေကို အပင်ပန်းခံပြီးလုပ်နေတာထက် ဒါကိုပဲ ပုံမှန်လုပ်ပေးသွားရင် ရပါပြီနော်။

ထိုင်ထလေ့ကျင့်ခန်းကို နည်းမှန်လမ်းမှန်ဘယ်လိုလုပ်မလဲ

ထိုင်ထလုပ်တဲ့အခါ ဒူးတွေကို မထိခိုက်အောင် လုပ်တတ်ဖို့လိုပါတယ်။ ဒါကြောင့် အပြည့်ထိုင်ထလေ့ကျင့်ခန်းထက်၊ တစ်ဝက်ထိုင်ထလေ့ကျင့်ခန်းက လူတိုင်းနဲ့ ပိုပြီးသင့်တော်ပါတယ်။ ပြီးတော့ တစ်နေ့ကို အခါ ၂၀ လောက် လုပ်ရင် လုံလောက်ပါပြီ။

MAY THAZINHTOO

Loading...