မကြာခင် သင့်ဘဝမှာ အကြီးကျယ်ဆုံး အပြောင်းအလဲတွေ ဖြစ်လာတော့မယ့် နိမိတ်(၅)မျိုး


Loading...



(၂) စိတ်မနှစ်နိုင်ဘူး




(၄) ဒေါသတွေကြီးနေမယ်





UNICODE:

ဘဝမှာ အကြီးမားဆုံး အပြောင်းအလဲဆိုတာ လူတိုင်းကြုံရတဲ့အရာ ဖြစ်ပါတယ်။ ဘဝရဲ့ အကြီးမားဆုံး အပြောင်းအလဲတွေ မဖြစ်ခင်မှာ လုပ်သမျှအရာမထင်တာမျိုး၊ဘာလုပ်လုပ်အဆင်မပြေတာမျိုး၊လက်လျှော့လိုက်ချင်တာမျိုးတွေကိုခံစားရလေ့ရှိပါတယ်။တကယ်လို့ခုဖော်ပြပေးမယ့်အရာတွေကိုလက်ရှိမှာသင်ခံစားနေရပြီဆိုရင်တော့မကြာခင်သင့်ဘဝမှာအကြီးကျယ်ဆုံးအပြောင်းအလဲတွေဖြစ်လာတော့မယ့် နိမိတ်တွေပဲ ဖြစ်ပါတယ်။

(၁) ပိတ်ဆို့နေသလိုခံစားရတယ်

သင့်ရဲ့အလုပ်၊အချစ်ရေးဒါမှမဟုတ်လူမှုရေး၊စီးပွားရေးတွေမှာတစ်ခုခုကပိတ်ဆို့နေသလိုခံစားနေရမှာပါ။ဘယ်လောက်ပဲကြိုးစားနေပါစေဘာမှအရာထင်မှာမဟုတ်သလို၊အဆင်မပြေတာမျိုးတွေအမြဲလိုလိုကြုံတွေ့နေရမှာပါ။သင့်ရှေ့မှာတစ်ခုခုကပိတ်ဆို့ထားသလိုခံစားနေရပါလိမ့်မယ်။ ဒါဆိုရင်တော့ မကြာခင်မှာ သင့်ဘဝရဲ့အကြီးမားဆုံး အပြောင်းအလဲတွေ ဖြစ်လာပါတော့မယ်။

(၂) စိတ်မနှစ်နိုင်ဘူး

သင့်ရဲ့အာရုံတွေက တောင်ရောက်မြောက်ရောက်နဲ့စိတ်တွေပျံ့လွင့်နေမှာဖြစ်ပါတယ်။အလုပ်တွေလည်းမပြီး၊စိတ်တွေလည်းမစုစည်းနိုင် ဖြစ်နေမှာပါ။ဒါဆိုရင်တော့သင့်စိတ်ကိုကြိုးစားပြီးပြန်လည်စုစည်းလိုက်ပါ။မကြာခင်မှာကြီးမားတဲ့အပြောင်းအလဲတွေဖြစ်တော့မှာမို့လိုပါ။

(၃) အရမ်းခံစားလွယ်နေမယ်

ခုရက်ပိုင်းမှာအသေးအမွှားလေးတွေကအစသင့်အတွက်အရမ်းစိတ်တိုစရာကောင်းနေမှာပါ။အရမ်းပျော်သွားလိုက်၊အရမ်းဝမ်းနည်းသွားလိုက်ဒါမှမဟုတ်အရမ်းဝမ်းနည်းသွားလိုက်နဲ့ခံစားချက်တွေကလည်းအမျိုးမျိုးပြောင်းလဲနေမှာပါ။ခံစားချက်တွေကိုမထိန်းနိုင်ပဲဘယ်လို လုပ်ရမှန်းမသိအောင် ဖြစ်နေပါလိမ့်မယ်။

(၄) ဒေါသတွေကြီးနေမယ်

သင်ဟာနည်းနည်းလေးမှာသည်းမခံနိုင်လောက်အောင်ခုရက်ပိုင်းမှာစိတ်တိုနေပါလိမ့်မယ်။အလုပ်မှာရော၊လူမှုရေးတွေမှာရောကတောက်ကဆလေးတွေခဏခဏဖြစ်နေမှာပါ။အရင်ကမဖြစ်ဖူးတဲ့စိတ်တိုတာမျိုးတွေ၊ရန်ဖြစ်တာမျိုးတွေတောင်ဖြစ်နေတတ်ပါတယ်။ဘယ်အရာကိုမှ စိတ်မရှည်နိုင်ပဲ ဒေါသက အလိုလိုနေရင်း ထွက်နေမှာပါ။

(၅) တစ်ခုခုကို စောင့်နေရသလို ခံစားရတယ်

မနက်မိုးလင်းတိုင်းသင့်စိတ်ထဲမှာတစ်ခုခုလာနေသလိုလို၊တစ်ယောက်ယောက်ကိုစောင့်နေသလိုဘာကိုမျှော်လို့မျှော်မိနေမှန်းမသိပဲစောင့်နေရတဲ့ခံစားချက်မျိုးကိုခံစားရမှာပါ။ဒါမှမဟုတ်အရမ်းအရေးကြီးတဲ့အရာတစ်ခုခုကိုမေ့နေသလိုလိုခံစားနေရမှာပါ။ဒါဆိုရင်တော့ပျော်စရာကောင်းတဲ့ အရာတစ်ခုခု ရောက်လာတော့မယ်ဆိုတာ သေချာပါတယ်။

Credit: Nalonetardiary

Loading...