ေနာက္ပုိင္းမွာ Sexy ဝတ္တာေလးေတြ ေလွ်ာ႔ေတာ့မယ္ဆုိတဲ့ သင္ဇာ

႐ုပ္႐ွင္ကားေတြမ်ားစြာဗီဒီယုိကားေတြမ်ားစြာနဲ႔ပရိသတ္အားေပးမႈကုိရယူထားႏုိင္သလုိျမန္မာႏုိင္ငံရဲ႕ပုရိသေယာက္်ားေတြမက္ေမာရေလာက္တဲ့ မိန္းကေလးေတြလည္း အားက်ရေလာက္ Sexy က်တဲ့ အမုိက္စားကုိယ္ခႏၶာကုိယ္ကုိပုိင္ဆုိင္ထားျပီးဝတ္စားဆင္ယင္ပုံေၾကာင့္ ေဝဖန္ခံရမႈ မ်ားေနတဲ့ မင္းသမီးသင္ဇာဝင့္ေက်ာ္ကေတာ့ ေနာက္ပုိင္းမွာ Sexy ပုံစံဝတ္တာေလးေတြ ေလ်ွာ့ေတာ့မယ္ဆုိၿပီး မီဒီယာေတြရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျပာသြားခဲ့ပါတယ္။

Loading...

United Vision မ်က္မွန္ဆုိင္သစ္ ဖြင့္ပြဲကုိ တက္လာတဲ့ ဝတ္စုံနဲ႔ ပတ္သက္ၿပီးသင္ဇာဝင့္ေက်ာ္က “သူတုိ႔ကအျပာေရာင္ေလးဝတ္ေပါ့ေနာ္ ၿပီးေတာ့ Sexy ေလးေပါ့ ထုံးစံအတုိင္း ေပါ့။ ေနာက္ပုိင္းမွာ ပြဲေတြ ပုိတက္ျဖစ္တယ္ ႐ုပ္႐ွင္ကားႀကီးက ၂လပုိင္းမွ ျပန္စ႐ုိက္မယ္ေပါ့ေနာ္။ ဒီၾကားထဲမွာ ပြဲတက္ေတြေၾကာ္ျငာ႐ုိက္ေတြေပါ့ေနာ္။မ်ားေသာအားျဖင့္ကေတာ့Sexyပဲကမ္းလွမ္းၾကတာမ်ားတယ္။တစ္ခ်ဳိ႕ၾကေတာ့လည္း Sexyျဖစ္စရာမလုိဘူးလုိ႔ေျပာတာ႐ွားတယ္။အစကလည္းဒီပြဲကSexyအရမ္းဝတ္စရာမလုိဘူးလုိ႔ေျပာၿပီးမွျပန္ေျပာခဲ့တယ္။Sexyျပန္ဝတ္ေပးပါတဲ့ အဲ့တာေၾကာင့္ နည္းနည္းေလး Sexyျဖစ္ေအာင္ ျပန္ဝတ္လုိက္တာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။

၂၀၁၉မွာ ဖက္႐ွင္ေျပာင္းလဲမႈနဲ႔ ပတ္သက္ၿပီးေတာ့လည္း သင္ဇာဝင့္ေက်ာ္က“အရင္ျမင္ေနက်ပုံစံနဲ႔ကြဲထြက္မွာပါ။အဲ့လုိမ်ိဳးေလးေတြလုပ္ဖုိ႔ အစီအစဥ္႐ွိပါတယ္။ကုိယ္ကအလုပ္႐ႈပ္ေနတဲ့သူေလအခ်ိန္ရရင္ရသလုိဒီေန႔ပြဲတက္ခ်င္လည္းတက္မယ္ေနာက္ေန႔တရားစခန္းဝင္ခ်င္လည္း ဝင္မယ္ ေနာက္ေန႔ ခရီးသြားရင္လည္း သြားမယ္ ဘာလုိ႔လဲဆုိေတာ့ အခ်ိန္က သင္ဇာ့အတြက္ အရမ္းကုိ တန္ဖုိး႐ွိတယ္။ရတဲ့အခ်ိန္မွာ ကုိယ္လုပ္ခ်င္တာေတြကုိလုပ္မွ။လူဆုိတာကေနာက္ေန႔ဘာျဖစ္မလဲဆုိတာကုိမေျပာႏုိင္ဘူးေလဒီေန႔အသက္႐ွင္ေပမယ့္လည္းေနာက္ေန႔႐ွင္ခ်င္မွ႐ွင္မယ္ေလ။ဒါေၾကာင့္ရတဲ့အခ်ိန္မွာကုိယ္လုပ္ခ်င္တာေတြအကုန္လုံးကုိလုပ္ခ်င္တယ္။လုပ္ခြင့္ရတဲ့လူလည္းျဖစ္ခ်င္တယ္။ခ်ီးျမႇင့္ရက်ဳိးလည္း နပ္ခ်င္တယ္။

ဒီေန႔ကုိယ္ဘာပဲျဖစ္ျဖစ္ေနာက္ေန႔ကုိယ္တရားစခန္းမဝင္ရဘူးလုိ႔ဘယ္သူေျပာလုိ႔လဲဘာဥပေဒ႐ွိလုိ႔လဲ။အဲ့တာေၾကာင့္တရားစခန္းဝင္တယ္လုပ္တယ္ဒါပါပဲ။ဘုန္းဘုန္းကဖုန္းဆက္လာတယ္ေပါ့ေနာ္တရားစခန္းဝင္ဖုိ႔ကုိရက္ေကာင္းရက္ျမတ္ေပါ့။ဒီရက္ေလးမွာလာဝင္ပါလားဆုိေတာ့ မေအးသီတာတုိ႔ ညီထြဋ္ေခါင္တုိ႔နဲ႔ ဝင္ျဖစ္တာ။ ကုိယ္က အဲ့တာကုိ စိတ္ဝင္စားတယ္ေလဖက္႐ွင္ပုိင္းနဲ႔ပတ္သက္ၿပီးေတာ့လည္း စိတ္ဝင္စားတယ္။တမင္သပ္သပ္ႀကီးရည္ရြယ္ၿပီးေတာ့လုပ္ခဲ့တာလည္းမဟုတ္ဘူးသူ႔အခ်ိန္သူ႔အခါနဲ႔ျဖစ္သြားခဲ့တာေပါ့ေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

ေဝဖန္တာေတြ႐ွိတာနဲ႔ ပတ္သက္ၿပီး “ဘယ္လုိေျပာရမလဲ ကုိယ့္အလုပ္ကုိယ္လုပ္တယ္က်န္တာေတြသိပ္ဂ႐ုမစုိက္ဘူး။”လုိ႔ေျပာသြားခဲ့ၿပီး တရားစခန္းကုိဝင္ၿပီးေနာက္စိတ္ခံစားခ်က္နဲ႔ပတ္သက္ၿပီးေတာ့လည္း“အရမ္းေအးခ်မ္းပါတယ္။ၿပီးေတာ့တရားစခန္းကထြက္ၿပီးေနာက္ပုိင္းအလုပ္လုပ္ေလးေတြလည္းရလာတယ္။အဲ့လုိမ်ိဳးေပါ့ေနာ္ေကာင္းတဲ့Reactionေလးေတြရလာပါတယ္။ေကာင္းတဲ့သတင္းေလးေတြရပါတယ္။ ေကာင္းတာေတြပဲ ျဖစ္ေနပါတယ္။ ၂ညအိပ္၃ရက္ဝင္ျဖစ္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။

လတ္တေလာအႏုပညာလႈပ္႐ွားမႈနဲ႔ပတ္သက္ၿပီးေတာ့လည္း“၂လပုိင္းမွာ႐ုပ္႐ွင္စ႐ုိက္မယ္ေၾကာ္ျငာ႐ုိက္တာေတြPhoto႐ုိက္တာေလးေတြ႐ွိမယ္။ဘန္ေကာက္မွာသြား႐ုိက္ဖုိ႔႐ွိတယ္။ေနာက္ၿပီးေတာ့ဒီလုိပြဲတက္ေလးေတြ႐ွိတယ္။”လုိ႔ေျပာခဲ့ၿပီးSexyပုံစံေတြကုိအရင္ကေလာက္ေတာ့ မဝတ္ေတာ့ဘဲ နည္းနည္းေလာက္ပဲ ဝတ္ျဖစ္ေတာ့မယ္လုိ႔လဲေျပာသြားခဲ့ပါေသးတယ္။ဆက္လက္ၿပီးေတာ့“ဒီလုိဝတ္တာေတြကုိ ၾကဳိက္တဲ့လူ႐ွိသလုိ မႀကိဳက္တဲ့လူလည္း ႐ွိတယ္ေလ။ ၾကဳိက္တဲ့လူေတြကုိလည္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္လုိ႔ ေျပာခ်င္ပါတယ္။”လုိ႔ ေျပာသြားခဲ့ပါတယ္။ပရိသတ္ႀကီးကေရာသင္ဇာဝင့္ေက်ာ္ကုိSexyေလးေတြဝတ္တာကုိႀကိဳက္လားမဝတ္တာကုိၾကဳိက္လားေျပာသြားခဲ့ပါဦး။

Credit: Cele New 7

သရဲသေဘၤာရုပ္ရွင္ဇာတ္ကားႀကီးရံုတင္ေနပါၿပီေနာ္

UNICODE:

ရုပ်ရှင်ကားတွေများစွာဗီဒီယိုကားတွေများစွာနဲ့ပရိသတ်အားပေးမှုကိုရယူထားနိုင်သလိုမြန်မာနိုင်ငံရဲ့ပုရိသယောက်ျားတွေမက်မောရလောက်တဲ့မိန်းကလေးတွေလည်းအားကျရလောက်Sexyကျတဲ့အမိုက်စားကိုယ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီးဝတ်စားဆင်ယင်ပုံကြောင့် ဝေဖန်ခံရမှုများနေတဲ့မင်းသမီးသင်ဇာဝင့်ကျော်ကတော့နောက်ပိုင်းမှာSexyပုံစံဝတ်တာလေးတွေလျှော့တော့မယ်ဆိုပြီးမီဒီယာတွေရဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

United Vision မျက်မှန်ဆိုင်သစ် ဖွင့်ပွဲကိုတက်လာတဲ့ဝတ်စုံနဲ့ပတ်သက်ပြီးသင်ဇာဝင့်ကျော်က“သူတို့ကအပြာရောင်လေးဝတ်ပေါ့နော် ပြီးတော့Sexyလေးပေါ့ထုံးစံအတိုင်းပေါ့။နောက်ပိုင်းမှာပွဲတွေပိုတက်ဖြစ်တယ်ရုပ်ရှင်ကားကြီးက၂လပိုင်းမှပြန်စရိုက်မယ်ပေါ့နော်။ဒီကြားထဲမှာပွဲတက်တွေကြော်ငြာရိုက်တွေပေါ့နော်။များသောအားဖြင့်ကတော့Sexyပဲကမ်းလှမ်းကြတာများတယ်။တစ်ချို့ကြတော့လည်း Sexyဖြစ်စရာမလိုဘူးလို့ပြောတာရှားတယ်။အစကလည်းဒီပွဲကSexyအရမ်းဝတ်စရာမလိုဘူးလို့ပြောပြီးမှပြန်ပြောခဲ့တယ်။Sexyပြန်ဝတ်ပေးပါတဲ့ အဲ့တာကြောင့် နည်းနည်းလေး Sexyဖြစ်အောင် ပြန်ဝတ်လိုက်တာပါ။”လို့ ပြောသွားခဲ့ပါတယ်။

၂၀၁၉မှာဖက်ရှင်ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့လည်းသင်ဇာဝင့်ကျော်က“အရင်မြင်နေကျပုံစံနဲ့ကွဲထွက်မှာပါ။အဲ့လိုမျိုးလေးတွေလုပ်ဖို့အစီအစဉ်ရှိပါတယ်။ကိုယ်ကအလုပ်ရှုပ်နေတဲ့သူလေအချိန်ရရင်ရသလိုဒီနေ့ပွဲတက်ချင်လည်းတက်မယ်နောက်နေ့တရားစခန်းဝင်ချင်လည်းဝင်မယ်နောက်နေ့ခရီးသွားရင်လည်းသွားမယ်ဘာလို့လဲဆိုတော့အချိန်ကသင်ဇာ့အတွက်အရမ်းကိုတန်ဖိုးရှိတယ်။ရတဲ့အချိန်မှာကိုယ်လုပ်ချင်တာတွေကိုလုပ်မှ။လူဆိုတာကနောက်နေ့ဘာဖြစ်မလဲဆိုတာကိုမပြောနိုင်ဘူးလေဒီနေ့အသက်ရှင်ပေမယ့်လည်းနောက်နေ့ရှင်ချင်မှရှင်မယ်လေ။ဒါကြောင့်ရတဲ့အချိန်မှာကိုယ်လုပ်ချင်တာတွေအကုန်လုံးကိုလုပ်ချင်တယ်။လုပ်ခွင့်ရတဲ့လူလည်းဖြစ်ချင်တယ်။ချီးမြှင့်ရကျိုးလည်း နပ်ချင်တယ်။

ဒီနေ့ကိုယ်ဘာပဲဖြစ်ဖြစ်နောက်နေ့ကိုယ်တရားစခန်းမဝင်ရဘူးလို့ဘယ်သူပြောလို့လဲဘာဥပဒေရှိလို့လဲ။အဲ့တာကြောင့်တရားစခန်းဝင်တယ်လုပ်တယ်ဒါပါပဲ။ဘုန်းဘုန်းကဖုန်းဆက်လာတယ်ပေါ့နော်တရားစခန်းဝင်ဖို့ကိုရက်ကောင်းရက်မြတ်ပေါ့။ဒီရက်လေးမှာလာဝင်ပါလားဆိုတော့မအေးသီတာတို့ညီထွဋ်ခေါင်တို့နဲ့ဝင်ဖြစ်တာ။ကိုယ်ကအဲ့တာကိုစိတ်ဝင်စားတယ်လေဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီးတော့လည်းစိတ်ဝင်စားတယ်။တမင်သပ်သပ်ကြီးရည်ရွယ်ပြီးတော့လုပ်ခဲ့တာလည်းမဟုတ်ဘူးသူ့အချိန်သူ့အခါနဲ့ဖြစ်သွားခဲ့တာပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

ဝေဖန်တာတွေရှိတာနဲ့ ပတ်သက်ပြီး“ဘယ်လိုပြောရမလဲကိုယ့်အလုပ်ကိုယ်လုပ်တယ်ကျန်တာတွေသိပ်ဂရုမစိုက်ဘူး။”လို့ပြောသွားခဲ့ပြီး တရားစခန်းကိုဝင်ပြီးနောက်စိတ်ခံစားချက်နဲ့ပတ်သက်ပြီးတော့လည်း“အရမ်းအေးချမ်းပါတယ်။ပြီးတော့တရားစခန်းကထွက်ပြီးနောက်ပိုင်းအလုပ်လုပ်လေးတွေလည်းရလာတယ်။အဲ့လိုမျိုးပေါ့နော်ကောင်းတဲ့Reactionလေးတွေရလာပါတယ်။ကောင်းတဲ့သတင်းလေးတွေရပါတယ်။ ကောင်းတာတွေပဲ ဖြစ်နေပါတယ်။ ၂ညအိပ်၃ရက်ဝင်ဖြစ်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့လည်း“၂လပိုင်းမှာရုပ်ရှင်စရိုက်မယ်ကြော်ငြာရိုက်တာတွေPhotoရိုက်တာလေးတွေရှိမယ်။ဘန်ကောက်မှာသွားရိုက်ဖို့ရှိတယ်။နောက်ပြီးတော့ဒီလိုပွဲတက်လေးတွေရှိတယ်။”လို့ပြောခဲ့ပြီးSexyပုံစံတွေကိုအရင်ကလောက်တော့မဝတ်တော့ဘဲနည်းနည်းလောက်ပဲဝတ်ဖြစ်တော့မယ်လို့လဲပြောသွားခဲ့ပါသေးတယ်။ဆက်လက်ပြီးတော့“ဒီလိုဝတ်တာတွေကို ကြိုက်တဲ့လူရှိသလို မကြိုက်တဲ့လူလည်း ရှိတယ်လေ။ ကြိုက်တဲ့လူတွေကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်လို့ ပြောချင်ပါတယ်။”လို့ပြောသွားခဲ့ပါတယ်။ပရိသတ်ကြီးကရောသင်ဇာဝင့်ကျော်ကိုSexyလေးတွေဝတ်တာကိုကြိုက်လားမဝတ်တာကိုကြိုက်လားပြောသွားခဲ့ပါဦး။

Credit: Cele New 7

Loading...