ဦးဗေလုဝကျန်းမာရေးမကောင်းလို့ ပင်လုံဆေးရုံကြီးမှာပြန်လည်ဆေးသမှုခံယူနေရကြောင်းပြောပြလာတဲ့ အောင်သော်

ပရိသတ်ကြီးရေအောင်သော်ကတော့ အနုပညာလောကမှာနေရာတစ်နေရာကိုသိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဟာသလူရွှင်တော်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့လတ်လောမှာကိုဗစ်ရောဂါတွေနဲ့ပတ်သက်ပြီးတစ်ထောင့်တစ်နေရာကနေပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။ ဒီနေ့မှာတော့သူကသရုပ်ဆောင်ဦးဗေလုဝဟာ ကျန်းမာရေးအခြေအနေကြောင့်ပင်လုံဆေးရုံကြီးမှာ ပြန်လည်ဆေးသမှုခံယူနေရကြောင်းပြောပြလာခဲ့ပါတယ်။

“ရုပ်ရှင်နှင်ဗီဒီယိုဟာသရုပ်ဆောင် ဗေလုဝကျမ္မာရေးအခြေအနေကြောင့် ပင်လုံဆေးရုံကြီးအခန်း (၁၃၁၈ )တွင် ဆေးဝါးကုသနေရကြောင်းသတင်းရရှိပါသည် အမြန်ဆုံးပြန်ကျမ္မာစေဟုဆုတောင်းပါသည်ဗျာ”ဆိုပြီးရေးသားကာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေရေးသားကာပြောပြထားခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဦးဗေလုဝကတော့အရင်က ဦးနှောက်သွေးခဲတဲ့ရောဂါကြောင့်ဆေးကုသမှုခံယူခဲ့ရပြီး ပြန်လည်ကောင်းမွန်လာကာအနုပညာအလုပ်တွေကိုလည်းရပ်နားထားခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာလည်းကျန်းမာရေးအခြေအနေမကောင်းဖြစ်နေတာကြောင့် ပင်လုံဆေးရုံကြီးမှာပြန်လည်ဆေးသမှုခံယူနေရတာဖြစ်ပါတယ်။ ဦးဗေလုဝတစ်ယောက်အမြန်ဆုံးနေကောင်းလာပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။

Source:Aung Thaw