သားထွေးလေးကောင်းဆက်ဦးရဲ့မွေးနေ့မှာ မိခင်မေတ္တာတွေအပြည့်နဲ့မွေးနေ့ဆုမွန်ကောင်းတောင်းပေးခဲ့တဲ့ မေမေရတနာခင်

သရုပ်ဆောင်မင်းသမီးချောလေးရတနာခင်ကတော့ တစ်ချိန်ကအနုပညာလောကမှာပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုအပြည့်အဝပိုင်ဆိုင်ရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာအနုပညာအလုပ်တွေကို ရပ်နားထားခဲ့ပြီးကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုသာလုပ်ကိုင်နေတာဖြစ်ပါတယ်။ ရတနာခင်ဟာသားချောလေး(၃)ယောက်နဲ့အေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ရရှိထားနိုင်ခဲ့ပါတယ်။

ဒီကနေ့နိုဝင်ဘာလ(၁၈)ရက်နေ့ကတော့ ရတနာခင်ရဲ့သားအငယ်ဆုံးလေးကောင်းဆက်ဦးရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်။ သားလေးကောင်းဆက်ဦးရဲ့မွေးနေ့အတွက် မေမေရတနာခင်ကပျော်ပျော်ရွှင်ရွှင်မွေးနေ့ပွဲလေးကျင်းပပေးခဲ့သလို မိခင်မေတ္တာတွေအပြည့်နဲ့ယခုလိုလည်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားခဲ့ပါတယ်။”Happy Birthday Kaung Sett Oo မေမေ့သားထွေးလေး ဘဝမှာကံကောင်းခြင်းတွေနဲ့ဘဲကြုံပါစေ

သူတော်ကောင်းစိတ်ကောင်းရှိသူတွေနဲ့သာဆုံတွေ့ပြီး ဘာသာတရားကိုင်းရှိုင်းတဲ့သားလိမ္မာလေးဖြစ်ပါစေ”ဆိုပြီးရေးသားကာ ဆုတောင်းပေးထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း အရမ်းချစ်စရာကောင်းတဲ့ ရတနာခင်ရဲ့သားငယ်လေးရဲ့မွေးနေ့အတွက် မွေးနေ့ဆုတောင်းစကားတွေတောင်းပေးခဲ့ပါဦးနော်။

Source:Yadanar Khin