ချွန်တွန်းပရဟိတကားပေါ်မှာတင် ပထမဆုံးထူးထူးခြားခြားမွေးဖွားခဲ့တဲ့ Luckyနတ်သမီးလေးကြောင့် ဝမ်းသာမျက်ရည်ကျခဲ့မိတယ်ဆိုတဲ့ ဒိန်းဒေါင်

ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝပိုင်ဆိုင်ရရှိထားတဲ့ ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင်၊ ဟာသလူရွှင်တော်ဒိန်းဒေါင်းကတော့ ယခုနောက်ပိုင်းမှာအနုပညာအလုပ်တွေအပြင် ပရဟိတအလုပ်တွေကိုတွဲဖက်လုပ်ကိုင်နေတာကိုတွေ့ရပါတယ်။ ယခုလိုကိုဗစ်ကာလမှာလည်းစားဝတ်နေရေးအခက်အခဲဖြစ်နေကြတဲ့ အခြေခံလူတန်းစားများနဲ့အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာကိုယ်တိုင်သွားရောက်လှူဒါန်းမှုတွေကို ပြုလုပ်ပေးလျက်ရှိပါတယ်။

ဒါ့အပြင်ကလေးမီဖွားဖို့အခက်အခဲဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက်လည်း သူ့တို့ရဲ့ပရဟိတကားနဲ့ဆေးရုံကိုလိုက်ပို့ပေးလေ့ရှိသလို ဆေးဖိုးငွေကိုလည်းတတ်နိုင်သလောက်လှူဒါန်းပေးနေတာဖြစ်ပါတယ်။ မနေ့ကတော့ဒိန်းဒေါင်ကသူ့တို့ရဲ့ ပရဟိတကားပေါ်မှာတင်ပထမဆုံးထူးထူးခြားခြားမွေးဖွားခဲ့တဲ့ Luckyနတ်သမီးလေးတစ်ပါးအတွက် ဝမ်းသာပီတိမျက်ရည်ကျမိခဲ့ကြောင်း ယခုလိုပဲပြောပြလာခဲ့ပါတယ်။

“ချွန်တွန်းတို့ရဲ့Luckyနတ်သမီးလေးတစ်ပါး ကားပေါ်မှာမွေးဖွားခြင်းကျွန်တော်တို့ပရဟိတအသင်းအဖွဲ့လေးရဲ့ ကားပေါ်မှာထူးထူးခြားခြားပထမဆုံးမွေးဖွားခြင်းအတွက် ဝမ်းသာပီတိမျက်ရည်ကျမိပါတယ်ဗျာ ၇ရက်သားသမီးများအားလုံးနှင့်အလှုရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့ဆုတောင်းမေတ္တာများပို့သအပ်ပါသည်ခင်မျာ”ဆိုပြီးဒိန်းဒေါင်ကပြောပြထားခဲ့တာဖြစ်ပါတယ်။

Source:Dain Daung