(၁၁)နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ အ.ထ.က(၁)သုဝဏ္ဏQ Centerသို့”‘ကိုနန္ဒထောပတ်ထမင်း”‘ပွဲ(၁၁၀)လှူဒါန်းခဲ့တဲ့ ညီနန္ဒ

ဇာတ်ပို့ဇာတ်ရံအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင်ညီနန္ဒကိုတော့ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူကတော့ဇာတ်လမ်းရဲ့ကာရိုက်တာအတိုင်း ဟာကွက်မရှိအောင်သရုပ်ဆောင်နိုင်ပြီး ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်းပါဝင်သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့လည်း “‘ကိုနန္ဒထောပတ်ထမင်း”လုပ်ငန်းကိုလုပ်ကိုင်လျက်ရှိပါတယ်။

သူဟာအေးချမ်းသာယာတဲ့မိသားစုဘဝလေးကို ဇနီးဖြစ်သူနဲ့အတူနားလည်မှုရှိရှိနဲ့တည်ဆောက်ထားတာဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိရှိနဲ့အခက်အခဲများအားလုံးကို ကျော်ဖြတ်နိုင်ခဲ့တာအခုဆိုရင် မင်္ဂလာသက်တမ်း(၁၁)နှစ်တောင်ရှိနေပြီဖြစ်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ “‘ကိုနန္ဒထောပတ်ထမင်း”‘ ပွဲ ၁၁၀ကို အ.ထ.က(၁) သုဝဏ္ဏQ Centerမှာလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။

ညီနန္ဒက”(၁၁.၁၁.၂၀၀၉)>>>(၁၁.၁၁.၂၀၂၀)မဂ်လာသက်တမ်း(၁၁)နှစ်…”‘ဘယ်လိုအခြေအနေမျိုးရောက်ရောက် အသက်ရှင်နေသ၍ အတူတူရှိနေမယ်”‘ဆိုပြီးရေးသာကာ အမှတ်တရပုံရိပ်လေးနဲ့အတူ သူရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားခဲ့ပါတယ်။

Source: Nyi Nanda