ဗိုလ်တစ်ထောင်ကချို့တဲ့သူတွေအတွက် အရသာရှိတဲ့မု့န်ဟင်းခါးတွေကို ကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းသွားမည့် စီနွန်

စီနွန်ကတော့ဖိလစ်ပိုင်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အခိုင်အမာပိုင်ဆိုင်ရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူကတော့နိုင်ငံခြားသားတစ်ယောက်ဖြစ်ပေမယ့် မြန်မာနိုင်ငံသားတစ်ယောက်လိုပဲ အလှူအတန်းလုပ်တဲ့နေရာမှာလည်းရက်ရောလှပါတယ်။

ယခုလိုကိုဗစ်ကာလမှာလည်း အခြေခံလူတန်းစားတွေအတွက်တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။ဒီနေ့မှာလည်းဗိုလ်တစ်ထောင်မှာရှိတဲ့ ဘဝပေးကံချို့တဲ့သူတွေအတွက် အရသာရှိလှတဲ့အထူးမု့န်ဟင်းခါးတွေကို ကိုယ်တိုင်ပြင်ဆင်ပြီးလှူဒါန်းပေးသွားမယ်လို့သိရပါတယ်။ သူ့ရဲ့အလှူအကြောင်းလေးကိုတော့ စီနွန်က”ဒီနေ့ကျနော်ဗိုလ်တစ်ထောင်မှာရှိတဲ့ ဘဝပေးကံချို့တဲ့သူတွေအတွက်ကျတော်ပြင်ဆင်ထားတဲ့

အရသာရှိလှတဲ့အထူးမု့န်ဟင်းခါးကို ပေးဝေသွားမှာဘဲဖြစ်ပါတယ်ခင်ဗျ။ အရသာရှိရှိသုံးဆောင်နိုင်ကြပါစေခင်ဗျ “ဆိုပြီးရေးသားကာ ပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။ အလှူအတွက်ကိုယ်တိုင်ပြင်ဆင်နေတဲ့ စီနွန်ရဲ့ပုံရိပ်လေးတွေကိုပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Sinon Loresca