အိမ်ခြေ(၂၀၀)ရှိတဲ့ရပ်ကွက်(၃)ခုမှာ စားသောက်ကုန်များနှင့်လိုအပ်တဲ့ပစ္စည်းများကို ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့တဲ့ ချမ်းချမ်း

အဆိုတော်ချမ်းချမ်းကတော့ ပရိသတ်အချစ်တော်အနုပညာရှင်တွေထဲက တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူမကလတ်တလောမှာတော့ကိုဗစ်ကြောင့် အနုပညာအလုပ်တွေကိုရပ်နားထားပြီး အဆိုပါရောဂါအတွက်လည်းတတ်နိုင်သလောက်ထောက်ပံ့လှူဒါန်းမှုတွေကိုပြုလုပ်ပေးလျက်ရှိပါတယ်။ လက်ရှိမှာလည်းဒဂုံဆိပ်ကမ်း 93 ၊79 ရပ်ကွက်၊65 ရပ်ကွက်တို့မှာရှိတဲ့ အချို့တဲ့ဆုံးအလိုအပ်ဆုံးအိမ်ခြေလေးတွေကိုရွေးချယ်ပြီးလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။

ချမ်းချမ်းက ဒီနေရာ၃ နေရာကိုထိရောက်စွာလှူဒါန်းပေးခဲ့တာဖြစ်ပြီး မသန်စွမ်းသူများနဲ့သက်ကြီးရွယ်အိုများ အနှေးယာဉ်အလုပ်သမားများနဲ့ကိုယ်ဝန်ဆောင်မိခင်များကို အဓိကဦးစားပေးလှူဒါန်းပေးခဲ့တယ်လို့သိရပါတယ်။ တချို့ရပ်ကွက်လေးတွေမှာတော့ အချို့တဲ့ဆုံးအလိုအပ်ဆုံးအိမ်ခြေများကိုသာ စီစစ်ပြီးရှာဖွေလှူဒါန်းပေးခဲ့ပါသေးတယ်။ အဆိုပါအလှူနဲ့ပတ်သက်ပြီးချမ်းချမ်းက သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာအလှူပုံရိပ်လေးတွေနဲ့အတူဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

သူမကတော့နောက်ရက်တေမှာလည်း အသက်(၈၀)ကျော်အဖိုးအဘွားများအတွက် အိမ်တိုင်ရာရောက် အလှူပစ္စည်းတွေကိုလိုက်လံပို့ဆောင်ပေးအုံးမှာဖြစ်တယ်လို့ပြောပြခဲ့ပါသေးတယ်။ ချမ်းချမ်းရဲ့မွန်မြတ်လှတဲ့အလှူအတွက် ပရိသတ်ကြီးလည်းသာဓုခေါ်လို့ရအောင် ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source:Chan Chan