မိဘနှစ်ပါးရဲ့နှစ်(၅၀)ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ မိသားစုပုံရိပ်လေးနဲ့အတူဆုမွန်ကောင်းတောင်းပေးထားခဲ့တဲ့ စိုးမြတ်သူဇာ

မကြီးစိုးလို့ပရိသတ်တွေကချစ်စနိုးခေါ်တဲ့ စိုးမြတ်သူဇာကတော့အနုပညာလောကမှာ ထိပ်တန်းရောက်နေတဲ့ဝါရင့်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့မိသားစုထဲမှာလည်းအကြီးဆုံးအမတစ်ယောက်ဖြစ်ပြီး မိသားစုအပေါ်မှာလည်းတာဝန်ကျေသူတစ်ယောက်ပါ။ ဒီနေ့မိဘနှစ်ပါးရဲ့နှစ်(၅၀)ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာတော့ စိုးမြတ်သူဇာကသူတို့မောင်နှမလေးယောက်အတွက် မိဘနှစ်ပါးကလေးစားအားကျစရာဂုဏ်ယူနေရသူတွေဖြစ်နေကြောင်း ယခုလိုပဲပြောပြထားခဲ့ပါတယ်။

“ကနေ့ကအဖေနဲ့အမေရဲ့ ရွှေရတုနှစ်ပတ်လည်နေ့ပါ အဖေ့လိုမိသားစုကိုတန်ဖိုးထားပီး ချစ်မြတ်နိုးတတ်တဲ့သူရဲ့သားသမီးတွေဖြစ်ခွင့်ရတာ ကျမတို့မောင်နှမလေးယောက်အတွက်ဂုဏ်ယူစရာဖြစ်သလို အမေကလဲဒီနေ့ထိအဖေ့ကိုသူ့အနားမှာအတူတူရှိနေအောင် စွဲဆောင်ထားနိုင်သည့် အစွမ်းကလည်းကျမတို့ညီအမတွေအတွက် ရင်သပ်ရူမောလေးစားအားကျရတဲ့သူပါ(အဟွတ် )အဖေနဲ့အမေနှစ် ၅၀ခရီးမှာခုချိန်ထိကျန်းမာစွာသားသမီးတွေနဲ့အတူတူရှိနေတဲ့အတွက် ကျမတို့မောင်နှမတွေဝမ်းသာကျေနပ်ရပါတယ်

ကျေးဇူးလဲအထူးတင်ပါတယ်နောက်ထပ်နောက်ထပ်နှစ်တွေအများကြီးထိ ဒီသားသမီးမြေးတွေနဲ့ အတူတူ ကျန်းမာပျော်ရွှင်စွာနေပေးပါ်အုံးလို့ သမီးကြီးကဆုတောင်းပေးပါတယ်( အမေရေးခိုင်းလို့ ဟီဟိ)”ဆိုပြီးရေးသားကာမိသားစုပုံရိပ်လေးနဲ့အတူ ဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

Source:Soemyat Thuzar