အစ်ကိုတစ်ယောက်လိုခင်ရတဲ့Kညီကို သီတင်ကျွတ်သွားရောက်ကန်တော့ခဲ့တဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံ

ဇာတ်ပို့ဇာတ်ရံအနုပညာရှင်စုံတွဲလေးတစ်တွဲဖြစ်တဲ့ ကိုဘင်းနဲ့နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံကိုတော့ ပရိသတ်ကြီးလည်းသိလောက်မယ်ထင်ပါတယ်။ သူတို့ဇနီးမောင်နှံကတော့လတ်တလောမှာ ကိုဗစ်ကြောင့်အနုပညာအလုပ်တွေကိုရပ်နားပြီး အွန်လိုင်းကတစ်ဆင့်ဈေးလေးတွေကိုရောင်းချနေတာဖြစ်ပါတယ်။

ယခုလိုအွန်းလိုင်းကတစ်ဆင့်ရရှိတဲ့အနုပညာကြေးလေးတွေကိုလည်း ကိုဘင်းနဲ့နှိုင်းယှဉ်မြင့်မိုရ်တို့ဇနီးမောင်နှံက လိုအပ်တဲ့နေရာတွေမှာလှူဒါန်းပေးနေတာကိုတွေ့ရပါတယ်။ ခုလိုသီတင်းကျွတ်ကာလမှာလည်း သူတို့ဇနီးမောင်နှံကချစ်ခင်လေးစားရတဲ့ ဆရာသမားများကိုရိုသေစွာလိုက်ပြီးကန်တော့နေတယ်လို့သိရပါတယ်။ ဒီနေ့မှာလည်းအနုပညာအလုပ်တွေကိုအတူတူတွဲဖက်လုပ်ကိုင်ခဲ့ပြီး အစ်ကိုတစ်ယောက်လိုခင်ရတဲ့Kညီကိုသွားရောက်ကန်တော့ခဲ့တယ်လို့သိရပါတယ်။

အဲဒီအကြောင်းကိုတော့Kညီက”ဒီနေ့ဘင်း+နှိုင်းယှဉ်ရယ် သူဇာပွင့်ညီနဲ့ညီမလေးတွေလာကန်တော့တယ် ငါ့ညီငါ့ညီမတွေစိတ်ချမ်းသာကိုယ်ကျန်းမာပါစေအနုပညာလမ်းပေါ်ထိပ်ဆုံးရောက်အောင်မြင်ကြပါစေ ကပ်ရောဂါကင်းဝေးကြပါစေ”ဆိုပြီးရေးသားကာပုံရိပ်လေးတွေကို ဝမ်းသာပီတိဖြစ်စွာနဲ့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

Source:K Nyi