လူနာတွေဆေးထိုးပြီးလူနာဆောင်ထဲကပြန်အထွက် ကြုံတွေ့ခဲ့ရတဲ့သူရဲ့အခက်အခဲလေးကိုပြန်လည်ဝေမျှလိုက်တဲ့ ဒေါက်တာစိန်ဖြိုးလှိုင်

ဒေါက်တာစိန်ဖြိုးလှိုင်ကတော့ တချိန်ကအနုပညာလောက မောင်အမည်နဲ့ဗီဒီယိုဇာတ်ကားများစွာကို ပါဝင်ရိုက်ကူးခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ စိန်ဖြိုးလှိုင်ဟာ ဆေးကုသခွင့်ဆရာဝန်လက်မှတ်ကိုရရှိထားတဲ့ဆရာဝန်တစ်ယောက်လည်းဖြစ်ပြီး ယခုလိုကိုဗစ်ကာလမှာတော့သူတတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။

ဖောင်ကြီးCovidကုသရေးဌာနမှာ နေညမပြတ်တာဝန်ထမ်းတောင်နေတာဖြစ်ပြီး ဒီနေ့မှာတော့လူနာတွေဆေးထိုးပြီးလူနာဆောင်ထဲကပြန်အထွက် ကြုံတွေ့ရတဲ့သူရဲ့အဖြစ်ကိုယခုလိုပဲပြောပြလာခဲ့ပါတယ်။”မနေ့ကလူနာတွေဆေးထိုးပေးပြီးလို့ လူနာဆောင်ထဲမှာ PPE ချွတ် ရေချိုးပြီးယူလာတဲ့ဝတ်စုံကို ဝတ်တော့မှဘောင်ဘီကမတော်ပဲပေါင်းရင်းထိပဲဆန့်တယ်။ ဒီအခန်းထဲမှာ ဝတ်စုံအပိုမရှိဘူး။ လူနာဆောင်ကနေ Control အဆောင်ကိုဖင်ကျွတ်ကြီးနဲ့သွားလို့ကမဖြစ်နဲ့ နောက်ဆုံးဘောင်ဘီပြဲလဲပြဲပစေဆိုပြီး အတင်စွတ်တော့ဖင်တစ်ဝက်လောက်ရတာနဲ့ အပေါ်အင်္ကျီကို အတင်းဆွဲချပြီး Control ဆောင်ရေချိုးခန်းထဲအမြန်းပြေးရတယ်။

ဘောင်းဘီကြပ်နေတော့ခြေလှမ်းကြဲလို့ကလဲမရ။ ဆရာမတွေကိုပြန်ပြောပြတော့ သူတို့က ဆရာကတော်သေးတယ်၊ ဟိုနေ့ကဆရာဆိုအင်္ကျီနှစ်ထည်မှားပါသွားလို့ ခွဲစိတ်ခန်းသုံးဝတ်ရုံနှစ်ထည်ပတ်ပြီးထွက်လာရတယ်တဲ့”ဆိုပြီးရေးသားကာ သူ့ရဲ့အဖြစ်ကိုပြောပြထားခဲ့တာဖြစ်ပါတယ်။

Source:Sein Phyo Hlaing