အောင်ထက်ရဲ့အိမ်လှလှလေးမှာ သူမရဲ့သီချင်းအသစ်Music Video လေးကိုရိုက်ကူးခဲ့တဲ့ ဝိုင်းစုခိုင်သိန်း

ဝိုင်းစုခိုင်သိန်းကတော့ အလွမ်းအဆွေးသီချင်းလေးတွေကိုသီဆိုပြီး ပရိသတ်တွေရဲ့အချစ်ကိုသိမ်းပိုက်ထားနိုင်တဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာအဆိုတော်တစ်ယောက်အနေနဲ့သာမက သရုပ်ဆောင်တစ်ယောက်ပါဗီဒီယိုဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဝိုင်းစုခိုင်သိန်းကတေးစီးရီးအယ်ဘမ်များစွာကိုလည်းထွက်ရှိထားပြီး ထွက်သမျှသီချင်းတိုင်းကလည်းလူငယ်တွေကြားမှာရေပန်းစားခဲ့ပါတယ်။

လက်ရှိမှာလည်းသီချင်းအသစ်လေးတစ်ပုဒ်ကို ပရိသတ်တွေရှေ့ချပြနိုင်အောင်အကောင်းဆုံးကြိုးစားနေတယ်လို့သိရပါတယ်။ သီချင်းသစ်လေးရဲ့အမည်ကိုတော့“မျှော်လင့်ချက်”လို့ပေးထားပြီး Music Video လေးကိုတော့ဒီနေ့မှာပဲ အောင်ထက်ရဲ့အိမ်လှလှလေးမှာရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အဲဒီအကြောင်းကိုတော့ ဝိုင်းစုခိုင်သိန်းကသူမရဲ့ချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေနဲ့အတူ ယခုလိုပဲရေးသားဖော်ပြပေးထားခဲ့ပါတယ်။

“အောင်ထက်ရဲ့ အိမ်လှလှလေးမှာ“မျှော်လင့်ချက်” သီချင်းလေးMusic Video သွားရိုက်ရင်း တလက်စတည်းပဲပေးခဲ့တယ်လို့စ်”ဆိုပြီးရေးသားကာ သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြပေးထားခဲ့တာဖြစ်ပါတယ်။

Source:Wyne Su Khaing Thein