ဝင်ရောက်ကြည့်ရှုသူ အလွန်မြင့်မားနေတဲ့ ခင်ပိုးပန်းချီရဲ့ ဘဝသံသရာ တေးသီချင်း

August 30, 2018
ခင်ပိုးပန်းချီ ဆိုတာနဲ့ သူမရဲ့ အသံချိုချိုလေးကို ပရိသတ်တွေပြေးမြင်မိမှာပါ။ ဓမ္မတေးတွေကို အသံချိုချိုလေးနဲ့ ဆိုလေ့ရှိတဲ့ သူမအသံကို ကြားလိုက်ရသူတိုင်း နှလုံးသားထဲကို အေးချမ်းသွားလောက်အောင် နူးညံ့ချိုသာလှပါတယ်။

Loading...

တက္ကသိုလ်ဝင်တန်းကို ယခုလက်ရှိတက်ရောက်နေပြီးတော့ ယခုနှစ်မှာတော့ ပညာရေးဘက်ကိုပဲ ဦးစားပေးလေ့လာလျက်ရှိပါတယ်။ တစ်ကိုယ်တော် ဒုတိယခွေအတွက်ပြင်ဆင်နေပြီးတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုပြီးရင် အနုပညာလောကထဲကို ဝင်ရောက်မှာဖြစ်တယ်လို့ဆိုပါတယ်။

 

သရုပ်ဆောင်အပိုင်းကိုတော့ စိတ်ဝင်စားပေမယ့် မငိုတတ်တဲ့ သူမအတွက် သရုပ်ဆောင်ရတာ အခက်အခဲရှိတယ်လို့ဆိုပါတယ်။ အကယ်လို့ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင်တော့ ဝတ်မှုန်ရွှေရည်နဲ့ တွဲဖက်သရုပ်ဆောင်ခွင့်ရချင်ပါတယ်လို့ ဆိုပါတယ်။

ရှေးဘဝက ကုသိုလ်ကံကောင်းခဲ့လေသလားလို့ထင်ရတဲ့ ခင်ပိုးပန်းချီရဲ့အသံလေးဟာ သာယာနာပျော်ဖွယ်ရှိလွန်းလှပါတယ်။ ခင်ပိုးပန်းချီဟာ မနေ့က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေပြီးတော့ ဘဝသံသရာဆိုတဲ့ တေးသီချင်း သီဆိုထားတာကို တင်ခဲ့ပါတယ်။

သူမရဲ့ ထူးခြားလွန်းလှတဲ့အသံနဲ့ ဘဝသံသရာ တေးသီချင်းကြောင့် ဝင်ရောက်ကြည့်ရှုသူ ၈၅၀၀၀ နီးပါးရှိသွားပြီး ရှယ်လုပ်သူတွေ များပြားသွားခဲ့တာလည်းဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝေမျှနားထောင်လို့ရအောင် ခုပဲ တင်ပေးလိုက်ပါတယ်နော်။We Love Cele

Video Source-ခင်ပိုးပန်းချီ

Loading...