စတိုင်ကျကျ Pose ပေးတတ်လာတဲ့ ကိုလူချောလေး (၃)ယောက်

မြန်မာပရိသတ်တွေအကြား ဂျူမုံလို့ လူသိများတဲ့ မင်းသားချော Song Il Kook ကတော့ အရမ်းကို ချစ်စရာကောင်းတဲ့ သားလေးတွေကို ပိုင်ဆိုင်ထားသူပါ။ ချစ်စရာ အရမ်းကောင်းတဲ့ သားအမြွှာလေး (၃)ယောက်ကို ပိုင်ဆိုင်ထားတဲ့ Song Il Kook ကတော့ နောင်အနာဂါတ်မှာ ယောက္ခမတော်ချင်သူတွေ ၀ိုင်းနေမှာတော့ အသေအချာပါ။ Song Il Kook ကတော့ သားချောလေးတွေရဲ့ ပုံအသစ်တွေကို မကြာသေးခင်က တင်လိုက်ပါတယ်။

Loading...

အမြွှာလေး (၃)ယောက်ကတော့ ပရိသတ်တွေရဲ့ မျက်စိရှေ့မှာပဲ ကြီးပြင်း အရွယ်ရောက်လာခဲ့တာပါ။ Dae Han၊ Min Guk နဲ့ Man Se တို့ဟာ The Return of Superman အစီအစဉ်မှာ ပါဝင်ခဲ့ဖူးပြီး အဲ့ဒီတည်းက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိခဲ့တာပါ။ သူတို့လေးတွေဟာ အခုဆိုရင် အသက် (၇)နှစ်ရှိနေပြီဖြစ်ပြီး ဒီအရွယ်ကတည်းကကို အရပ်က တော်တော်လေးရှည်လာတာကို တွေ့ရပါတယ်။ Song Il Kook ကတော့ သြဂုတ်လ (၁၆) ရက်နေ့က သူ့ရဲ့ IG မှာ သားချောလေးတွေရဲ့ ပုံကို ဝေမျှပေးလိုက်ပါတယ်။ ပုံတွေကတော့ အပြာရောင်အင်္ကျီဆင်တူတွေနဲ့ ပဲများနေတဲ့ သားသားလေးတွေရဲ့ ပုံတွေ၊ ပဲရစ်မှာ အင်္ကျီအစင်းကြားလေးတွေနဲ့ လျှောက်လည်နေတဲ့ ပုံလေးတွေပါ။

ng Seung-yeon နဲ့ ၂၀၀၈ခုနှစ်၊ မတ်လ(၁၅)ရက်နေ့က လက်ထပ်ခဲ့တာပါ။ သူတို့ဇနီးမောင်နှံဟာ ရင်သွေးလေးတွေကို (၂၀၁၂)ခုနှစ်၊ မတ်လ (၂၆) ရက်က မွေးဖွားခဲ့တာဖြစ်ပါတယ်။ ကလေးတွေရဲ့ နာမည်ကတော့ Dae Han ၊ Min Guk ၊ Man Se တို့ဖြစ်ပြီး အဓိပ္ပါယ်ကတော့ “Long Live the Republic of Korea” “ကိုရီးယားသမ္မတနိုင်ငံ အဓွန့်ရှည်ပါစေ” ဆိုတဲ့ အဓိပ္ပါယ်ပါ။ သားချောချောလေးတွေရဲ့ ဖေဖေ Song Il-gook ကတော့ နောက် (၁၀) နှစ်လောက်ဆိုရင် အနားမှာ ယောက္ခမတော်ချင်သူတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဆယ်လီဖေဖေဖြစ်လာတော့မယ်လို့ ပရိသတ်တွေ က ထင်ကြေးပေးနေကြပါတယ်။
from wiki.soompi

Loading...