PPE ဝတ်စုံ အစုံ(၁၀၀)စာအတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ ဝတ်မှုန်ရွှေရည်

ရွှေကစ်လေးလို့ ပရိသတ်တွေချစ်စနိုးနဲ့ခေါ်ကြတဲ့ ဝတ်မှုန်ရွှေရည်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိပိုင်ဆိုင်ထားတဲ့ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။ ဝတ်မှုန်ရွှေရည်ကတော့ ဒီနေ့မတ်လ (၁၉)ရက်နေ့မှာတော့ဆေးရုံတွေကို ဖြန့်ဝေလှူဒါန်းသွားမယ့် PPE ဝတ်စုံတွေကို လှူဒါန်းခဲ့ပါတယ်။

ဝတ်မှုန်ရွှေရည်ကတော့ PPE ဝတ်စုံ အစုံ(၁၀၀)စာ အလှူငွေ (၉)သိန်းခွဲတိတိကိုလှူဒါန်ပေးခဲ့တာပဲဖြစ်ပါတယ်။အခုလိုလှူဒါန်းခဲ့တဲ့အကြောင်းကို မောင်မောင်အေးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာထက်ကနေ မျှဝေဖော်ပြခဲ့တာပဲဖြစ်ပါတယ်။ “သရုပ်ဆောင်အကယ်ဒမီ ဝတ်မှုန်ရွှေရည် မှ PPE ဝတ်စုံအစုံ (၁၀၀) အတွက်ငွေကျပ် (၉၅၀,၀၀၀) ကူညီမျှဝေပါတယ်။” ဆိုပြီး ဖော်ပြထားခဲ့ပြီး “သာဓု သာဓု သာဓု အလှူရှင်မိသားစု သက်ရှည်ကျန်းမာချမ်းသာကြပါစေ။”လို့လည်း ဆုတောင်းပေးထားပါသေးတယ်။

ပရိသတ်တွေကတော့ ဝတ်မှုန်ရွှေရည်ရဲ့မွန်မြတ်လှတဲ့ ကာလဒါနအလှူလေးကိုသာဓုခေါ်ဆိုနေကြပါသေးတယ်။ပရိသတ်ကြီးတွေလည်း ရွှေကစ်လေးရဲ့ အလှူလေးကိုအလှူလေးကို သာဓုခေါ်ဆိုလို့ရအောင်မျှဝေဖော်ပြပေးရင်း လှူဒါန်းလိုတဲ့ပရိသတ်တွေလည်း ပါဝင်လှူဒါန်းပေးကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်နော်။

Credit– CeleGabar

Zawgyi

PPE ဝတ္စုံ အစုံ(၁၀၀)စာအတြက္ အလႉေငြမ်ားလႉဒါန္းခဲ့တဲ့ ဝတ္မႈန္ေ႐ႊရည္

ေ႐ႊကစ္ေလးလို႔ ပရိသတ္ေတြခ်စ္စႏိုးနဲ႔ေခၚၾကတဲ့ ဝတ္မႈန္ေ႐ႊရည္ကေတာ့ ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကို အျပည့္အဝရရွိပိုင္ဆိုင္ထားတဲ့ ျမန္မာႏိုင္ငံရဲ႕ထိပ္တန္းမင္းသမီးေခ်ာေလးတစ္လက္ပဲျဖစ္ပါတယ္။ ဝတ္မႈန္ေ႐ႊရည္ကေတာ့ ဒီေန႔မတ္လ (၁၉)ရက္ေန႔မွာေတာ့ေဆး႐ုံေတြကို ျဖန႔္ေဝလႉဒါန္းသြားမယ့္ PPE ဝတ္စုံေတြကို လႉဒါန္းခဲ့ပါတယ္။

ဝတ္မႈန္ေ႐ႊရည္ကေတာ့ PPE ဝတ္စုံ အစုံ(၁၀၀)စာ အလႉေငြ (၉)သိန္းခြဲတိတိကိုလႉဒါန္ေပးခဲ့တာပဲျဖစ္ပါတယ္။အခုလိုလႉဒါန္းခဲ့တဲ့အေၾကာင္းကို ေမာင္ေမာင္ေအးက သူ႔ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာထက္ကေန မွ်ေဝေဖာ္ျပခဲ့တာပဲျဖစ္ပါတယ္။ “သ႐ုပ္ေဆာင္အကယ္ဒမီ ဝတ္မႈန္ေ႐ႊရည္ မွ PPE ဝတ္စုံအစုံ (၁၀၀) အတြက္ေငြက်ပ္ (၉၅၀,၀၀၀) ကူညီမွ်ေဝပါတယ္။” ဆိုၿပီး ေဖာ္ျပထားခဲ့ၿပီး “သာဓု သာဓု သာဓု အလႉရွင္မိသားစု သက္ရွည္က်န္းမာခ်မ္းသာၾကပါေစ။”လို႔လည္း ဆုေတာင္းေပးထားပါေသးတယ္။

ပရိသတ္ေတြကေတာ့ ဝတ္မႈန္ေ႐ႊရည္ရဲ႕မြန္ျမတ္လွတဲ့ ကာလဒါနအလႉေလးကိုသာဓုေခၚဆိုေနၾကပါေသးတယ္။ပရိသတ္ႀကီးေတြလည္း ေ႐ႊကစ္ေလးရဲ႕ အလႉေလးကိုအလႉေလးကို သာဓုေခၚဆိုလို႔ရေအာင္မွ်ေဝေဖာ္ျပေပးရင္း လႉဒါန္းလိုတဲ့ပရိသတ္ေတြလည္း ပါဝင္လႉဒါန္းေပးၾကဖို႔ကို တိုက္တြန္းလိုက္ရပါတယ္ေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*