ချစ်စရာကောင်းတဲ့ ငယ်ဘဝကပုံလေးတွေကို ယခုပုံလေးတွေနဲ့ယှဉ်တွဲပြီးဖော်ပြလိုက်တဲ့ မေမြင့်မိုရ်

ပရိသတ်ကြီးရေ မင်းသမီးချောလေး မေမြင့်မိုရ် ကတော့ MRTV -4မှာ ထုတ်လွှင့်ပြသနေတဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်ရဲ့ အားပေးမှုကို အခိုင်အမာရယူထားနိုင်တဲ့ မင်းသမီးချောလေး ဆိုရင်လည်းမမှားနိုင်ပါဘူးနော်။မေမြင့်မိုရ်ဟာဆိုရင်ဖြင့်Star Awards ( 2018 ) Rising Star ဆုကို ရရှိပိုင်ဆိုင်ထားသူတစ်ယောက်လဲဖြစ်ကပါတယ်နော်။

အခုဆိုရင် မေမြင့်မိုရ်ဟာ ဇာတ်လမ်းတွဲတွေဘက်သာမက ရုပ်ရှင်ကားကြီးတွေကိုပါရိုက်ကူးကာ အောင်မြင်မှုလမ်းကြောင်းပေါ် အချိန်တိုတို နဲ့ရောက်ရှိလာသူလေးဖြစ်ပါတယ်နော်။ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် အကောင်းဆုံး ပီပြင်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်သူတစ်ယောက်လဲဖြစ်ပါတယ်။အခုချိန်ထိ မေမြင့်မိုရ်လေးကတစ်ယောက်တည်း Single ဘဝနဲ့ အေးအေးဆေးဆေးဖြတ်သန်းနေသူလေးပါနော်..။

ဒီနေ့မှာတော့ မေမြင့်မိုရ်က” ငယ်ငယ်ကပုံရိပ်လေးတွေနဲ့ မေလေး” ဆိုပြီး သူမရဲ့ငယ်ဘဝပုံရိပ်လေးတွေနဲ့ အတူ အခုလက်ရှိပုံရိပ်လေးတွေကိုယှဉ်တွဲပြီး လူမှုကွန်ယက်စာမျက်နှာကနေတစ်ဆင့် ချပြလာခဲ့ပါတယ်။ မေမြင့်မိုရ်ရဲ့ ငယ်ငယ်ကပုံရိပ်လေးတွေကတော့ မြင်သူတိုင်းအချစ်ပိုသွားစေမှာအမှန်ပါပဲနော်…။ပရိသတ်ကြီးအတွက် ချစ်စရာကောင်းလွန်းတဲ့ မေမြင့်မိုရ်ရဲ့ငယ်ဘဝပုံရိပ်လေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်…။

Source-may Myint Mo

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*