” သတင်းကောင်း ” မှ ကြားချင်သူတို့အတွက် ကိုရိုနာဗိုင်းရပ်စ် သတင်းကောင်းများ စုစည်းတင်ပြမူ

Bloomberg သတင်းဋ္ဌာန၏ သတင်းများမှတိကျသေချာတဲ့ သတင်းတွေထဲကကောက်နုတ်ချက်တွေကို ဘာသာပြန်ပြီးစုစည်းတင်ပြမှုတွေပါ ။ ပြည်သူများအနေနဲ့ လိုက်နာစရာများကိုလည်းလိုက်နာကြပါ ။သတင်းကောင်းများကို လည်းဖြန့်ဝေကြပါ ။ စနစ်တကျသတိရှိရှိဖြင့်သာ ကြောက်တတ်ကြပါလို့ …တရုတ်တွင် ကိုရိုနာရောဂါကုသီးသန့်ဆေးရုံ နောက်ဆုံးတစ်လုံးပိတ်လိုက်ပြီဖြစ်သည် ။ လူနာအသစ်မရှိတော့သောကြောင့်ဖြစ်သည်။ — အိန္ဒိယဆရာဝန်များသည် Lopinavir,Ritonavir ဆိုသော HIV ရောဂါကုဆေးနှင့် Oseltamivir ဆိုသော တုပ်ကွေးကုဆေးကိုအသုံးပြုပြီး Chlorpheniramine ခေါ် ဘာမီတွန်နှင့်တွဲဖက်၍ အောင်မြင်စွာကုသနိုင်နေပြီဖြစ်သည် ။ ထိုကုထုံးကို တစ်ကမ္ဘာလုံးသုံးအောင် အကြံပြုပြောကြားမည် ဖြစ်သည် ။

Erasmus medical center ရှိသုတေသီများသည် ကိုရိုနာဗိုင်းရပ်စ်ပိုးကိုတိုက်သော ပဋိပစ္စည်းကိုသွေးအတွင်းမှ အောင်မြင်စွာခွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ၁၀၃ နှစ်အရွယ် ဖွားဖွားသည်ခြောက်ရက်မြောက်ကုသပြီးပျောက်ကင်းသွား၍ ဝူဟန့်ဆေးရုံမှဆင်းခွင့်ရခဲ့ရာ အသက်အကြီးဆုံးပျောက်ကင်းသူအဖြစ် စံချိန်တင်ခဲ့သည် ။ Apple ကုမ္ပဏီသည် apple stores ၄၂ ခုကို တရုတ်နိုင်ငံတစ်ဝှမ်းလုံးပြန် ဖွင့်လိုက်နိုင်ပြီဖြစ်သည် ။ US ရှိ Cleveland Clinic မှ စစ်ဆေးစရာဖြစ်သော COVID-19 test ကို ရက်ပိုင်းစောင့်စရာမလိုဘဲ နာရီပိုင်းနှင့်အဖြေရအောင်တီထွင်နိုင်ခဲ့ပြီဖြစ်သည်။တောင်ကိုရီးယားနိုင်ငံတွင် သတင်းကောင်းအနေနှင့်ကူးစက်ခံလူနာများလျော့နည်းလာလျက်ရှိသည်။ အီတလီနိုင်ငံသည်လူအသေအပျောက်နှုန်းအများဆုံးဖြစ်နေရာအကြောင်းမှာ ဥရောပတစ်တိုက်လုံးတွင် အသက်အကြီးဆုံးသက်ကြီးရွယ်အိုဦးရေ ရှိသောကြောင့်ဖြစ်သည်။

အစ္စရေးနိုင်ငံရှိသိပ္ပံပညာရှင်များက ကိုရိုနာပိုးကာကွယ်ဆေး vaccine ကို တွေ့ရှိရန်အလွန်နီးစပ်နေပြီဖြစ်ကြောင်း တရားဝင်ပြောကြားတော့မည်ဖြစ်သည်။ အမေရိကန်နိုင်ငံ Maryland ပြည်နယ်တွင် ကူးစက်ခံလူနာသုံးဦးစလုံး လုံးဝပြန်ကောင်းသွားသောကြောင့် နေ့စဉ်သာမန်လူများကဲ့သို့ပြန်လည်နေထိုင်နိုင်ပြီဖြစ်သည်။ COVID-19 အတွက် ကနေဒါနိုင်ငံတွင်သုတေသီပညာရှင်များက သုတေသနသည်ခရီးအတော်ပေါက်နေပြီဖြစ်ကြောင်း သိရှိရသည်။San Diego biotech ကုမ္ပဏီသည် စင်္ကာပူနိုင်ငံရှိနာမည်အကြီးဆုံးဆေးတက္ကသိုလ်နှစ်ခုဖြစ်သော Duke University နှင့် NUS တို့နှင့် တွဲဖက်ကာကာကွယ်ဆေး vaccine ကို တီထွင်နေပြီဖြစ်သည်။USရှိ အိုကလာဟိုးမားပြည်နယ် Oklahoma , Tulsa ခရိုင်ရှိ COVID-19 positive ပထမဆုံးသောလူနာသည် စစ်ဆေးမှုနှစ်ခါစလုံး negative ထွက်သဖြင့်ပျောက်ကင်းခဲ့ပြီဖြစ်သည်။

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ Safdarjung ဆေးရုံတွင် ကုသနေသောလူနာခုနှစ်ယောက်လုံး အပြည့်အဝပြန်ကောင်းသွားပြီဖြစ်သည်။ ကုထုံးတစ်ခုအနေနှင့် လောလောလတ်လတ်ပြန်ကောင်းပြီးခဲ့သောလူနာ၏သွေးရည်ကြည်မှ အခြားလူနာရှိ COVID-19 ကို ပြန်လည်ကုသနိုင်ပြီဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံရှိ ပထမဆုံးလူနာသည်ဆေးရုံမှဆင်းခဲ့ပြီဖြစ်သည်။BLOOMBERG သတင်းဋ္ဌာနမှ သတင်းများကို စုပေါင်းထားခြင်းဖြစ်သည်။ မကူးစက်အောင်ဆောင်ရန်ရှောင်ရန်များကိုလိုက်နာပြီး ထိရှလွယ်သောဖိတ်စင်လွယ်သော သက်ကြီးရွယ်အိုများကိုပိုးမကူးစက်အောင်စောင့်ရှောက်ကြပါ။ သတင်းကောင်းကိုလည်းဖြန့်ဝေကြပါ။ မြောက်ကမ္ဘာခြမ်း နွေမြန်မြန်ပေါက်ပါစေ။

Credit: Dr Aung Kyaw Thu

Zawgyi

” သတင္းေကာင္း ” မွ ၾကားခ်င္သူတို႔အတြက္ ကို႐ိုနာဗိုင္းရပ္စ္ သတင္းေကာင္းမ်ား စုစည္းတင္ျပမူ

Bloomberg သတင္း႒ာန၏ သတင္းမ်ားမွတိက်ေသခ်ာတဲ့ သတင္းေတြထဲကေကာက္ႏုတ္ခ်က္ေတြကို ဘာသာျပန္ၿပီးစုစည္းတင္ျပမႈေတြပါ ။ ျပည္သူမ်ားအေနနဲ႔ လိုက္နာစရာမ်ားကိုလည္းလိုက္နာၾကပါ ။သတင္းေကာင္းမ်ားကို လည္းျဖန႔္ေဝၾကပါ ။ စနစ္တက်သတိရွိရွိျဖင့္သာ ေၾကာက္တတ္ၾကပါလို႔ …တ႐ုတ္တြင္ ကို႐ိုနာေရာဂါကုသီးသန႔္ေဆး႐ုံ ေနာက္ဆုံးတစ္လုံးပိတ္လိုက္ၿပီျဖစ္သည္ ။ လူနာအသစ္မရွိေတာ့ေသာေၾကာင့္ျဖစ္သည္။ — အိႏၵိယဆရာဝန္မ်ားသည္ Lopinavir,Ritonavir ဆိုေသာ HIV ေရာဂါကုေဆးႏွင့္ Oseltamivir ဆိုေသာ တုပ္ေကြးကုေဆးကိုအသုံးျပဳၿပီး Chlorpheniramine ေခၚ ဘာမီတြန္ႏွင့္တြဲဖက္၍ ေအာင္ျမင္စြာကုသႏိုင္ေနၿပီျဖစ္သည္ ။ ထိုကုထုံးကို တစ္ကမာၻလုံးသုံးေအာင္ အႀကံျပဳေျပာၾကားမည္ ျဖစ္သည္ ။

Erasmus medical center ရွိသုေတသီမ်ားသည္ ကို႐ိုနာဗိုင္းရပ္စ္ပိုးကိုတိုက္ေသာ ပဋိပစၥည္းကိုေသြးအတြင္းမွ ေအာင္ျမင္စြာခြဲထုတ္ႏိုင္ခဲ့ၿပီျဖစ္သည္။ ၁၀၃ ႏွစ္အ႐ြယ္ ဖြားဖြားသည္ေျခာက္ရက္ေျမာက္ကုသၿပီးေပ်ာက္ကင္းသြား၍ ဝူဟန႔္ေဆး႐ုံမွဆင္းခြင့္ရခဲ့ရာ အသက္အႀကီးဆုံးေပ်ာက္ကင္းသူအျဖစ္ စံခ်ိန္တင္ခဲ့သည္ ။ Apple ကုမၸဏီသည္ apple stores ၄၂ ခုကို တ႐ုတ္ႏိုင္ငံတစ္ဝွမ္းလုံးျပန္ ဖြင့္လိုက္ႏိုင္ၿပီျဖစ္သည္ ။ US ရွိ Cleveland Clinic မွ စစ္ေဆးစရာျဖစ္ေသာ COVID-19 test ကို ရက္ပိုင္းေစာင့္စရာမလိုဘဲ နာရီပိုင္းႏွင့္အေျဖရေအာင္တီထြင္ႏိုင္ခဲ့ၿပီျဖစ္သည္။ေတာင္ကိုရီးယားႏိုင္ငံတြင္ သတင္းေကာင္းအေနႏွင့္ကူးစက္ခံလူနာမ်ားေလ်ာ့နည္းလာလ်က္ရွိသည္။ အီတလီႏိုင္ငံသည္လူအေသအေပ်ာက္ႏႈန္းအမ်ားဆုံးျဖစ္ေနရာအေၾကာင္းမွာ ဥေရာပတစ္တိုက္လုံးတြင္ အသက္အႀကီးဆုံးသက္ႀကီး႐ြယ္အိုဦးေရ ရွိေသာေၾကာင့္ျဖစ္သည္။

အစၥေရးႏိုင္ငံရွိသိပၸံပညာရွင္မ်ားက ကို႐ိုနာပိုးကာကြယ္ေဆး vaccine ကို ေတြ႕ရွိရန္အလြန္နီးစပ္ေနၿပီျဖစ္ေၾကာင္း တရားဝင္ေျပာၾကားေတာ့မည္ျဖစ္သည္။ အေမရိကန္ႏိုင္ငံ Maryland ျပည္နယ္တြင္ ကူးစက္ခံလူနာသုံးဦးစလုံး လုံးဝျပန္ေကာင္းသြားေသာေၾကာင့္ ေန႔စဥ္သာမန္လူမ်ားကဲ့သို႔ျပန္လည္ေနထိုင္ႏိုင္ၿပီျဖစ္သည္။ COVID-19 အတြက္ ကေနဒါႏိုင္ငံတြင္သုေတသီပညာရွင္မ်ားက သုေတသနသည္ခရီးအေတာ္ေပါက္ေနၿပီျဖစ္ေၾကာင္း သိရွိရသည္။San Diego biotech ကုမၸဏီသည္ စကၤာပူႏိုင္ငံရွိနာမည္အႀကီးဆုံးေဆးတကၠသိုလ္ႏွစ္ခုျဖစ္ေသာ Duke University ႏွင့္ NUS တို႔ႏွင့္ တြဲဖက္ကာကာကြယ္ေဆး vaccine ကို တီထြင္ေနၿပီျဖစ္သည္။USရွိ အိုကလာဟိုးမားျပည္နယ္ Oklahoma , Tulsa ခ႐ိုင္ရွိ COVID-19 positive ပထမဆုံးေသာလူနာသည္ စစ္ေဆးမႈႏွစ္ခါစလုံး negative ထြက္သျဖင့္ေပ်ာက္ကင္းခဲ့ၿပီျဖစ္သည္။

အိႏၵိယႏိုင္ငံ နယူးေဒလီၿမိဳ႕ရွိ Safdarjung ေဆး႐ုံတြင္ ကုသေနေသာလူနာခုႏွစ္ေယာက္လုံး အျပည့္အဝျပန္ေကာင္းသြားၿပီျဖစ္သည္။ ကုထုံးတစ္ခုအေနႏွင့္ ေလာေလာလတ္လတ္ျပန္ေကာင္းၿပီးခဲ့ေသာလူနာ၏ေသြးရည္ၾကည္မွ အျခားလူနာရွိ COVID-19 ကို ျပန္လည္ကုသႏိုင္ၿပီျဖစ္သည္။ ဖိလစ္ပိုင္ႏိုင္ငံရွိ ပထမဆုံးလူနာသည္ေဆး႐ုံမွဆင္းခဲ့ၿပီျဖစ္သည္။BLOOMBERG သတင္း႒ာနမွ သတင္းမ်ားကို စုေပါင္းထားျခင္းျဖစ္သည္။ မကူးစက္ေအာင္ေဆာင္ရန္ေရွာင္ရန္မ်ားကိုလိုက္နာၿပီး ထိရွလြယ္ေသာဖိတ္စင္လြယ္ေသာ သက္ႀကီး႐ြယ္အိုမ်ားကိုပိုးမကူးစက္ေအာင္ေစာင့္ေရွာက္ၾကပါ။ သတင္းေကာင္းကိုလည္းျဖန႔္ေဝၾကပါ။ ေျမာက္ကမာၻျခမ္း ေႏြျမန္ျမန္ေပါက္ပါေစ။

Be the first to comment

Leave a Reply

Your email address will not be published.


*