သူမကိုယ်တိုင်သီဆိုထားတဲ့ “နီးနီးလေးပဲ”ဆိုတဲ့ သီချင်းထဲကပုံရိပ်လေးတွေကို ချပြလိုက်တဲ့ ခြူးလေး

သရုပ်ဆောင် မင်းသမီးချောလေး ခြူးလေးကတော့ ဇာတ်လမ်းတွဲလေးတွေသာမက သီချင်းဗီဒီယိုတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပြီး အရင်ကထက်ပိုပြီး အနုပညာလောကမှာ တဖြည်းဖြည်းနဲ့ နာမည်ရအောင်မြင်လာသူတစ်ယောက်ပါ။လက်ရှိမှာလည်း ခြူးလေးက ရော်ရွက်ကိုယ်တိုင်ရေးပေးတဲ့ “နီးနီးလေးပဲ”ဆိုတဲ့ သီချင်းကိုကိုယ်တိုင်သီဆိုထားတာဖြစ်ပါတယ်။

အဆိုပါသီချင်းလေးကိုတော့ မတ်လ (၂၀) ရက်နေ့ ညနေ (၅)နာရီ V7 Entertainment မှာတင်ဆက်သွားမှာဖြစ်ပါတယ်။ “နီးနီးလေးပဲ”ဆိုတဲ့ သီချင်းလေးမှာတော့ ခြူးလေးနဲ့အတူမိုရီဆာကီဝင်း ကပါဝင်သရုပ်ဆောင်ထားပါတယ်။လက်ရှိမှာတော့ ခြူးလေးကမိုရီဆာကီဝင်းနဲ့အတူ Couple ဝတ်စုံဆင်တူလေးဝတ်ပြီးရိုက်ကူးထားတဲ့ “နီးနီးလေးပဲ”ဆိုတဲ့ သီချင်းနောင်ကွယ်ကပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ရက်မှာဖော်ပြထားပါတယ်။

ခြူးလေးကတော့ အဝင်းနဲ့အတူရိုက်ထားတဲ့ ပုံလေးတွေကို “မတ်လ ၂၀ ရက်နေ့မှာထွက်ရှိလာတော့မယ့် “ နီးနီးလေးပဲ “ဆိုတဲ့စာသားနဲ့အတူရေးသားထားခဲ့ပါတယ်။ ပရိသတ်ကြီးရေ ခြူးလေးကိုယ်တိုင်သီဆိုပြီး အဝင်းနဲ့သရုပ်ဆောင်ထားတဲ့ ခြူးလေးရဲ့သီချင်းလေးထွက်လာရင်ရောအားပေးကြမယ်မဟုတ်လား….။

Source:Chue Chue

Zawgyi

သူမကိုယ္တိုင္သီဆိုထားတဲ့ “နီးနီးေလးပဲ”ဆိုတဲ့ သီခ်င္းထဲကပုံရိပ္ေလးေတြကို ခ်ျပလိုက္တဲ့ ျခဴးေလး

သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ျခဴးေလးကေတာ့ ဇာတ္လမ္းတြဲေလးေတြသာမက သီခ်င္းဗီဒီယိုေတြနဲ႔ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာပါ ပါဝင္သ႐ုပ္ေဆာင္ေနတာျဖစ္ၿပီး အရင္ကထက္ပိုၿပီး အႏုပညာေလာကမွာ တျဖည္းျဖည္းနဲ႔ နာမည္ရေအာင္ျမင္လာသူတစ္ေယာက္ပါ။လက္ရွိမွာလည္း ျခဴးေလးက ေရာ္႐ြက္ကိုယ္တိုင္ေရးေပးတဲ့ “နီးနီးေလးပဲ”ဆိုတဲ့ သီခ်င္းကိုကိုယ္တိုင္သီဆိုထားတာျဖစ္ပါတယ္။

အဆိုပါသီခ်င္းေလးကိုေတာ့ မတ္လ (၂၀) ရက္ေန႔ ညေန (၅)နာရီ V7 Entertainment မွာတင္ဆက္သြားမွာျဖစ္ပါတယ္။ “နီးနီးေလးပဲ”ဆိုတဲ့ သီခ်င္းေလးမွာေတာ့ ျခဴးေလးနဲ႔အတူမိုရီဆာကီဝင္း ကပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။လက္ရွိမွာေတာ့ ျခဴးေလးကမိုရီဆာကီဝင္းနဲ႔အတူ Couple ဝတ္စုံဆင္တူေလးဝတ္ၿပီး႐ိုက္ကူးထားတဲ့ “နီးနီးေလးပဲ”ဆိုတဲ့ သီခ်င္းေနာင္ကြယ္ကပုံရိပ္ေလးေတြကို သူမရဲ႕လူမႈကြန္ရက္မွာေဖာ္ျပထားပါတယ္။

ျခဴးေလးကေတာ့ အဝင္းနဲ႔အတူ႐ိုက္ထားတဲ့ ပုံေလးေတြကို “မတ္လ ၂၀ ရက္ေန႔မွာထြက္ရွိလာေတာ့မယ့္ “ နီးနီးေလးပဲ “ဆိုတဲ့စာသားနဲ႔အတူေရးသားထားခဲ့ပါတယ္။ ပရိသတ္ႀကီးေရ ျခဴးေလးကိုယ္တိုင္သီဆိုၿပီး အဝင္းနဲ႔သ႐ုပ္ေဆာင္ထားတဲ့ ျခဴးေလးရဲ႕သီခ်င္းေလးထြက္လာရင္ေရာအားေပးၾကမယ္မဟုတ္လား….။

Be the first to comment

Leave a Reply

Your email address will not be published.


*