သူမနေထိုင်ရာ ကိုရီးယားနိုင်ငံကို ပြန်သွားပြီဖြစ်တဲ့နော်မာသထူးဝါး

နော်မာသထူးဝေကတော့ ကိုရီးယားနိုင်ငံမှာနေထိုင်ခဲ့ပြီး အောင်မြင်တဲ့အဆိုတော်တစ်ယောက်အနေနဲ့ ရပ်တည်နေတဲ့သူတစ်ယောက်ပါ။ ကိုရီးယားနိုင်ငံရဲ့ ဘူဆန်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ “အိမ်လေးတစ်လုံးလိုချင်တယ်” သီချင်းလေးနဲ့ပါဝင်ဖျော်ဖြေတင်ဆက်ခွင့်ရရှိထားခဲ့တဲ့အထိကို အောင်မြင်မှုတွေရရှိထားတဲ့ ကလေးအဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအဆိုတော်အဖြစ် ကိုရီးယားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတာ သီချင်းဆိုပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Final အထိ နော်မာသထူးဝါးက တက်ရောက်နိုင်ခဲ့ပါသေးတယ်။နော်မာသထူးဝါးကတော့ မကြာသေးမီအချိန်ကမြန်မာနိုင်ငံကိုပြန်လည်ရောက်ရှိနေခဲ့ပေမဲ့ ဒီနေ့မတ်လ (၁၉)ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံကို ပြန်သွားခဲ့ပြန်ပါတယ်။

နော်မာသထူးဝါးကတော့ မြန်မာနိုင်ငံကိုလွမ်းနေရဦးမှာဖြစ်တဲ့အကြောင်း “လွမ်းရအုန်းမယ်။ ကိုရီးယားမှာဝူဟန်ရှင်းရင်ပြန်လာမယ်နော်”ဆိုပြီး သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလာခဲ့ပါတယ် ပရိသတ်ကြီးတွေကရော ကိုရီးယားကိုပြန်သွားခဲ့တဲ့နော်မာသထူးဝါးလေးကို သတိရလွမ်းနေကြမှာလား။

Credit – CeleGabar

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*