ရိုက်ကွင်းပေါ်မှာတင် ခင်ပွန်းဖြစ်သူကို ဆေးကုသပေးခဲ့ရတဲ့ ပိုင်ဖြိုးသု

အနုပညာလောကမှာ အောင်မြင်မှုတွေကိုယ်စီရရှိထားတဲ့ ပိုင်ဖြိုးသုတို့ဇနီးမောင်နှံကတော့ ဆုတွေလည်း အသီးသီးဆွတ်ခူးထားတဲ့ ဇနီးမောင်နှံလေးပဲဖြစ်ပါတယ်။သူတို့နှစ်ယောက်ပူးပေါင်းဖန်တီးခဲ့တဲ့ “မီ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း ပရိသတ်တွေကြားမှာ အတော်လေးနာမည်ကြီးခဲ့ပြီး လူကြိုက်အများဆုံးဇာတ်ကားဖြစ်ခဲ့ပါတယ်။

လက်ရှိမှာလည်း ပိုင်ဖြိုးသုတို့ဇနီးမောင်နှံဟာ ရုပ်ရှင်ဇာတ်ကားတွေကို အတူတူရိုက်ကူးရင်း အနုပညာအလုပ်တွေကို တက်ညီလက်ညီနဲ့ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဒါရိုက်တာဏကြီးက ဇာတ်ကားတစ်ခုကိုရိုက်ကားနေတာဖြစ်ပြီး ရိုက်ကွင်းပေါ်မှာတင် သရုပ်ဆောင်တစ်ဦးဖြစ်သလိုဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုကချစ်ခင်ပွန်းကိုကိုယ်တိုင်ဆေးထိုးပေးခဲ့တာ ဖြစ်ပါတယ်။

ဆေးထိုးရမှာကိုကြောက်နေတဲ့ ဒါရိုက်တာဏကြီးကိုတော့ မင်းသားချောလေးဒေါင်းနဲ့ကချုပ်ထားပြီး ပိုင်ဖြိုးသုကဆေးထိုးခဲ့ရတာဖြစ်ပါတယ်။အဲဒီအကြောင်းကိုတော့ ပိုင်ဖြိုးသုက “ဦးရေခဲကြီး သိပ်မကြောက်ရှာပါဘူး ဒါရိုက်တာကြီးကို ဝိုင်းဆေးထိုးကြတာ” ဆိုပြီး ဗီဒီယိုလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူကို ကိုယ်တိုင်ဆေးထိုးပေးနေတဲ့ ချစ်ဇနီးလေးပိုင်ဖြိုးသုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ကပါတယ်နော်။

Source:Paing Phyoe Thu

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*