ချစ်စရာသမီးလေးတွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ချပြလိုက်တဲ့ လွင်မိုးရဲ့ဇနီးမေသူ

အသက်တွေဘယ်လောက်ပဲကြီးကြီး မိဘတွေရဲ့မျက်လုံးထဲမှာတော့ သားသမီးတွေဟာကလေး လေးတွေပါပဲ။ အခုချိန်မှာမြေးလေး Liam ကိုတောင် ပိုင်ဆိုင်ထားပြီဖြစ်တဲ့ဘွားဘွားမေသူဟာ သူမရဲ့သမီးလေးတွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာဝေမျှခဲ့ပါတယ်။ ဖြူစင်ပြီး ချစ်စရာကောင်းခဲ့တဲ့ အတိတ်လေးတွေဟာဓာတ်ပုံလေးတွေအဖြစ်နဲ့ ပြန်ကြည့်တိုင်း ကြည်နူးစရာကောင်းနေခဲ့တာတော့ အမှန်ပါပဲ။

အသက်အရွယ်ကိုယ်စီရောက်နေကြပြီဖြစ်တဲ့ သမီးလေးတွေဟာလည်း ဖေဖေ မေမေတို့နဲ့တွေ့ရင် ကလေးလေးတွေလိုပြန်ဖြစ်သွားခဲ့ပါတယ်။ သမီးအကြီးလေး ယွန်းဝတီလွင်မိုးဟာ နိုင်ငံခြားမှာ ခင်ပွန်းဖြစ်သူနဲ့အတူကျောင်းတက်နေပြီး Liam လေးကိုတော့ ဘိုးဘိုးနဲ့ ဘွားဘွားက ဒီမှာပဲကူထိန်းပေးခဲ့ပါတယ်။ ကျောင်းတွေပိတ်လို့ ပြန်လာတဲ့အချိန်ကျရင် ကလေးနဲ့အတူတူပျော်ပျော်ပါးပါးအချိန်ကုန်ဆုံးတတ်ကြပါသေးတယ်။

ချစ်စရာသမီးလေးတွေရဲ့ ငယ်ဘဝပုံရိပ်လေးတွေကို ” အသဲပိစိလေးတွေ ” ဆိုပြီး တင်ထားတာ ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာဖြူစင်ပြီး ချစ်စရာကောင်းတဲ့ ကလေးနှစ်ယောက်ဟာအပူအပင် ကင်းကင်းနဲ့ ရယ်မောနေတဲ့ပုံလေးတွေကတကယ့်ကိုကြည်နူးစရာပါပဲ။ ပရိသတ်ကြီးမှာရော အရမ်းကိုပျော်စရာကောင်းခဲ့တဲ့ ငယ်ဘဝအမှတ်တရတွေရှိခဲ့ဖူးလား။

Credit – Cele Zone

Zawgyi

ခ်စ္စရာသမီးေလးေတြရဲ႕ ငယ္ဘဝပုံရိပ္ေလးေတြကို ခ်ျပလိုက္တဲ့ လြင္မိုးရဲ႕ဇနီးေမသူ

အသက္ေတြဘယ္ေလာက္ပဲႀကီးႀကီး မိဘေတြရဲ႕မ်က္လုံးထဲမွာေတာ့ သားသမီးေတြဟာကေလး ေလးေတြပါပဲ။ အခုခ်ိန္မွာေျမးေလး Liam ကိုေတာင္ ပိုင္ဆိုင္ထားၿပီျဖစ္တဲ့ဘြားဘြားေမသူဟာ သူမရဲ႕သမီးေလးေတြရဲ႕ ငယ္ဘဝပုံရိပ္ေလးေတြကို လူမႈကြန္ယက္မွာေဝမွ်ခဲ့ပါတယ္။ ျဖဴစင္ၿပီး ခ်စ္စရာေကာင္းခဲ့တဲ့ အတိတ္ေလးေတြဟာဓာတ္ပုံေလးေတြအျဖစ္နဲ႔ ျပန္ၾကည့္တိုင္း ၾကည္ႏူးစရာေကာင္းေနခဲ့တာေတာ့ အမွန္ပါပဲ။

အသက္အ႐ြယ္ကိုယ္စီေရာက္ေနၾကၿပီျဖစ္တဲ့ သမီးေလးေတြဟာလည္း ေဖေဖ ေမေမတို႔နဲ႔ေတြ႕ရင္ ကေလးေလးေတြလိုျပန္ျဖစ္သြားခဲ့ပါတယ္။ သမီးအႀကီးေလး ယြန္းဝတီလြင္မိုးဟာ ႏိုင္ငံျခားမွာ ခင္ပြန္းျဖစ္သူနဲ႔အတူေက်ာင္းတက္ေနၿပီး Liam ေလးကိုေတာ့ ဘိုးဘိုးနဲ႔ ဘြားဘြားက ဒီမွာပဲကူထိန္းေပးခဲ့ပါတယ္။ ေက်ာင္းေတြပိတ္လို႔ ျပန္လာတဲ့အခ်ိန္က်ရင္ ကေလးနဲ႔အတူတူေပ်ာ္ေပ်ာ္ပါးပါးအခ်ိန္ကုန္ဆုံးတတ္ၾကပါေသးတယ္။

ခ်စ္စရာသမီးေလးေတြရဲ႕ ငယ္ဘဝပုံရိပ္ေလးေတြကို ” အသဲပိစိေလးေတြ ” ဆိုၿပီး တင္ထားတာ ပဲ ျဖစ္ပါတယ္။ ဓာတ္ပုံထဲမွာျဖဴစင္ၿပီး ခ်စ္စရာေကာင္းတဲ့ ကေလးႏွစ္ေယာက္ဟာအပူအပင္ ကင္းကင္းနဲ႔ ရယ္ေမာေနတဲ့ပုံေလးေတြကတကယ့္ကိုၾကည္ႏူးစရာပါပဲ။ ပရိသတ္ႀကီးမွာေရာ အရမ္းကိုေပ်ာ္စရာေကာင္းခဲ့တဲ့ ငယ္ဘဝအမွတ္တရေတြရွိခဲ့ဖူးလား။

Be the first to comment

Leave a Reply

Your email address will not be published.


*