မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေနဲ့ ကိုယ်တိုင်ရေးစာအုပ်လေး လှူဒါန်းပေးခဲ့တဲ့ အကယ်ဒမီများရှင်ညွန့်ဝင်း

ထူးချွန်ပြောင်မြောက်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့တဲ့ ညွန့်ဝင်းကတော့မြန်မာ့ရုပ်ရှင်လောကမှာ သမိုင်းမှတ်တိုင်တစ်ခုစိုက်ထူနိုင်ခဲ့သူတစ်ယောက်ပါ။ရွှေမန်းတင်မောင်ရဲ့သားတစ်ယောက်ဖြစ်တာနဲ့အညီ သူကိုယ်တိုင်လည်းပရိသတ်ရဲ့ချစ်ခြင်းမေတ္တာကိုအပြည့်အဝရရှိခဲ့သူတစ်ယောက်လို့ ဆိုရမှာပါ။ဇာတ်ကားကောင်းများစွာမှာ သဘာဝကျကျပါဝင်သရုပ်ဆောင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်လောကမှာမြင်တွေ့ရခဲတဲ့ ရုပ်ရှင်ထူးချွန်ဆု(၇)ဆုပိုင်ရှင်တစ်ယောက်လည်းဖြစ်ပါတယ်။သူကတော့ ဗန်တိုလူလေးနှင့်သူဇာဇာတ်ကားနဲ့ပထမဆုံးရုပ်ရှင်ထူးချွန်ဆုကို ရရှိခဲ့ပြီး ချစ်သူဝိုင်းဝိုင်းလည်၊ တတိယအရွယ်၏ဒုတိယဝေဒနာ၊သီတာခုနှစ်တန်၊သူ့ကျွန်မခံပြီ၊ ဆန်ရေ၊လျှို့ဝှက်သောနှင်းစတဲ့ ဇာတ်ကားတွေနဲ့ အကယ်ဒမီဆု(၇)ဆုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ဇာတ်ကားတွေကတော့ အခုချိန်ထိလည်းကြည့်ရှုရသူတွေကို တသသဖြစ်စေလောက်အထိ သရုပ်ဆောင်ပညာမှာအားသာခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ဒီနေ့မှာတော့ သူအနုပညာနယ်ပယ်မှာကျင်လည်ရင်း ရရှိလာခဲ့တဲ့အတွေ့အကြုံတွေကို ရေးသားထားတဲ့စာအုပ်လေးဖြစ်တဲ့ “ယုံကြည်အောင်ဖန်ဆင်း” စာအုပ်လေးကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကိုလှူဒါန်းပေးခဲ့ပါတယ်။ဒီစာအုပ်လေးကတော့ သရုပ်ဆောင်လမ်းညွှန်စာအုပ်လေးဖြစ်ပြီး မြန်မာ့ရုပ်ရှင်နှစ်(၁၀၀)ပြည့်အထိမ်းအမှတ်အနေနဲ့ လှူဒါန်းပေးခဲ့တာလည်းဖြစ်ပါတယ်။

လတ်တလောမှာတော့ဦးညွန့်ဝင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့နာယကအနေနဲ့လည်း ဆောင်ရွက်နေပြီး ဒီနေ့မှာတော့မျိုးဆက်သစ်လူငယ်သရုပ်ဆောင်များအတွက် အကျိုးဖြစ်ထွန်းစေမယ့်စာအုပ်လေးကို မျှဝေလှူဒါန်းပေးခဲ့တာပဲဖြစ်ပါတယ်။ဦးညွှန့်ဝင်းရဲ့ တက်သစ်စအနုပညာရှင်တွေအတွက် အကျိုးများစေမယ့်စာအုပ်လှူဒါန်းပွဲလေးကိုတော့ ဒီနေ့မှာပြုလုပ်ခဲ့တာမို့ ပရိသတ်ကြီးအတွက် မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Credit – Cele Gabar

Zawgyi

ျမန္မာ့႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္အထိမ္းအမွတ္အေနနဲ႔ ကိုယ္တိုင္ေရးစာအုပ္ေလး လႉဒါန္းေပးခဲ့တဲ့ အကယ္ဒမီမ်ားရွင္ၫြန႔္ဝင္း

ထူးခြၽန္ေျပာင္ေျမာက္တဲ့အႏုပညာရွင္တစ္ေယာက္ျဖစ္ခဲ့တဲ့ ၫြန႔္ဝင္းကေတာ့ျမန္မာ့႐ုပ္ရွင္ေလာကမွာ သမိုင္းမွတ္တိုင္တစ္ခုစိုက္ထူႏိုင္ခဲ့သူတစ္ေယာက္ပါ။ေ႐ႊမန္းတင္ေမာင္ရဲ႕သားတစ္ေယာက္ျဖစ္တာနဲ႔အညီ သူကိုယ္တိုင္လည္းပရိသတ္ရဲ႕ခ်စ္ျခင္းေမတၱာကိုအျပည့္အဝရရွိခဲ့သူတစ္ေယာက္လို႔ ဆိုရမွာပါ။ဇာတ္ကားေကာင္းမ်ားစြာမွာ သဘာဝက်က်ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး ျမန္မာ့႐ုပ္ရွင္ေလာကမွာျမင္ေတြ႕ရခဲတဲ့ ႐ုပ္ရွင္ထူးခြၽန္ဆု(၇)ဆုပိုင္ရွင္တစ္ေယာက္လည္းျဖစ္ပါတယ္။သူကေတာ့ ဗန္တိုလူေလးႏွင့္သူဇာဇာတ္ကားနဲ႔ပထမဆုံး႐ုပ္ရွင္ထူးခြၽန္ဆုကို ရရွိခဲ့ၿပီး ခ်စ္သူဝိုင္းဝိုင္းလည္၊ တတိယအ႐ြယ္၏ဒုတိယေဝဒနာ၊သီတာခုႏွစ္တန္၊သူ႔ကြၽန္မခံၿပီ၊ ဆန္ေရ၊လွ်ိဳ႕ဝွက္ေသာႏွင္းစတဲ့ ဇာတ္ကားေတြနဲ႔ အကယ္ဒမီဆု(၇)ဆုကိုသိမ္းပိုက္ႏိုင္ခဲ့ပါတယ္။

သူ႔ရဲ႕ဇာတ္ကားေတြကေတာ့ အခုခ်ိန္ထိလည္းၾကည့္ရႈရသူေတြကို တသသျဖစ္ေစေလာက္အထိ သ႐ုပ္ေဆာင္ပညာမွာအားသာခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္။ဒီေန႔မွာေတာ့ သူအႏုပညာနယ္ပယ္မွာက်င္လည္ရင္း ရရွိလာခဲ့တဲ့အေတြ႕အႀကဳံေတြကို ေရးသားထားတဲ့စာအုပ္ေလးျဖစ္တဲ့ “ယုံၾကည္ေအာင္ဖန္ဆင္း” စာအုပ္ေလးကို ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးကိုလႉဒါန္းေပးခဲ့ပါတယ္။ဒီစာအုပ္ေလးကေတာ့ သ႐ုပ္ေဆာင္လမ္းၫႊန္စာအုပ္ေလးျဖစ္ၿပီး ျမန္မာ့႐ုပ္ရွင္ႏွစ္(၁၀၀)ျပည့္အထိမ္းအမွတ္အေနနဲ႔ လႉဒါန္းေပးခဲ့တာလည္းျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ဦးၫြန႔္ဝင္းက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕နာယကအေနနဲ႔လည္း ေဆာင္႐ြက္ေနၿပီး ဒီေန႔မွာေတာ့မ်ိဳးဆက္သစ္လူငယ္သ႐ုပ္ေဆာင္မ်ားအတြက္ အက်ိဳးျဖစ္ထြန္းေစမယ့္စာအုပ္ေလးကို မွ်ေဝလႉဒါန္းေပးခဲ့တာပဲျဖစ္ပါတယ္။ဦးၫႊန႔္ဝင္းရဲ႕ တက္သစ္စအႏုပညာရွင္ေတြအတြက္ အက်ိဳးမ်ားေစမယ့္စာအုပ္လႉဒါန္းပြဲေလးကိုေတာ့ ဒီေန႔မွာျပဳလုပ္ခဲ့တာမို႔ ပရိသတ္ႀကီးအတြက္ မွ်ေဝေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

Be the first to comment

Leave a Reply

Your email address will not be published.


*