Stayhome ကာလမှာ ဆွဲထားတဲ့ပန်းချီလေးတွေကို အမှတ်တရအနေနဲ့မျှဝေလာတဲ့ အိန္ဒြာကျော်ဇင်

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကျဲအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ဆယ်စုနှစ်တွေများစွာ အောင်မြင်မှုတွေ ရရှိထားတဲ့ မင်းသမီးတစ်လက်လည်း ဖြစ်ပါတယ်။ သူမကတော့ ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင်သရုပ်ဆောင်နိုင်သူမို့ ရုပ်ရှင်ထူးချွန်ဆုတွေ ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျနေရသူဆိုလဲ မမှားပါဘူးနော်။

အိန္ဒြာကျော်ဇင်ကတော့ လတ်တလောမှာဖြစ်ပွားနေတဲ့ Covid-19ကူးစက်ရေဂါပိုးတွေကြောင့် အလုပ်တွေရပ်နားထားပြီး အိမ်မှာပဲမိသားစုကို အချိန်ပေးနေသလို ဝါသနာပါရာလေးတွေလုပ်ရင်း stay homeကာလကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ အိန္ဒြာကျော်ဇင်က Stayhome ကာလမှာ ဆွဲထားတဲ့ပန်းချီလေးတွေကိုဗီဒီယိုလေးလုပ်ပြီး ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။

သူမကတော့“ Stayhome ကာလမှာ ဝါသနာပါရာလေးလုပ်ဖြစ်နေတဲ့ မတ်မတ်အွဲ😁ကိုယ်ကြိုက်တဲ့ ပုံလေးတွေ တွေ့ရင် , ရှုခင်းလေးတွေ တွေ့ရင် ရိုက်ပြီးသိမ်းသိမ်းထားတတ်တယ်, ပြီးရင် ပန်းချီပြန်ရေးဖို့အတွက်.. ခု ရေးထားတဲ့ ပန်းချီလေး တစ်ချို့ကို ပိတ်သတ်တွက် အမှတ်တရတင်ပေးလိုက်တယ်နော်…အွဲ ရဲ့ လက်ရာကိုတော့ မရီနဲ့နော်, ကြိုးစားဆဲသူမို့….😬မယ်သုပုံလေး ပုံတူရေးကြည့်တာ, မယ်သုကတော့ အားပေးတယ် အမေကို,မတူဘူးချည်းပဲ ပြောတာ…. ”ဆိုပြီးရေးသားထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ အိန္ဒြာကျော်ဇင်ကတော့ တကယ့်ကို ဘက်စုံတော်တဲ့အနုပညာရှင်တစ်ဦးပါပဲနော်..။

Source-Eaiindra Kyaw Zin

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*