Covid19 ကမ္ဘာ့ကပ်ဘေးမှ ရလိုက်တဲ့သင်ခန်းစာတစ်ခုကို ပရိသတ်တွေအတွက် မျှဝေလာတဲ့ နေခြည်ဦး

ပရိသတ်ကြီးရေ နေခြည်ဦးကတော့ Beauty blogger အဖြစ် ပရိသတ်တွေ စတင်သတိထားမိလာပြီး အခုနောက်ပိုင်းမှာ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးလာပြီး မင်းသမီးတစ်ယောက် အဖြစ်ပါရပ်တည်လာပြီဖြစ်ပါတယ် ။နေခြည်ဦးကတော့ သူမရဲ့ခွဲစိတ်မှုအတွေ့ကြုံလေးတွေကို ဗီဒီယိုလေးတွေနဲ့အတူ ပြန်လည်မျှဝေပေးခဲ့တဲ့အပြင် အတွေးအခေါ်တွေနဲ့ပတ်သက်ပြီးလည်း ပရိသတ်ကို မျှဝေတတ်သူလည်းဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်လည်း နေခြည်ဦးက လတ်တလောမှာဖြစ်ပွားနေတဲ့ Covid19 ကမ္ဘာ့ကပ်ဘေးမှ ရလိုက်တဲ့သင်ခန်းစာတစ်ခုကို ပရိသတ်တွေအတွက် မျှဝေလာခဲ့ပါတယ်။သူမကတော့ “ Covid19 ကမ္ဘာ့ကပ်ဘေးမှာ ရလိုက်တဲ့သင်ခန်းစာတစ်ခု ဒီကပ်ဘေးမှာ နေခြည်သိလိုက်တာတစ်ခုက ကျန်းမာခြင်းသည် တကယ့်ကို လာဘ်ကြီးတစ်ပါးပါဘဲ။ အခုလို ကူးစင်ရောဂါပျံ့ပွါးနေတဲ့အချိန်မှာတောင် ကိုယ်ခံအားကောင်းတဲ့သူတွေမှာ အားသာချက်တွေရှိနေတယ်။

ဒီကပ်ကြီးပြီးသွားတဲ့အခါ #NewNormal မှာ ကိုယ့်ရဲ့ lifestyle ကို အကောင်းဆုံးစိတ်ကြိုက်ဖန်တီးယူဖို့ အကောင်းဆုံးအချိန်ဘဲလို့နေခြည်မြင်တယ်။နေခြည်ကတော့ နေ့စဉ် ချက်ပြုတ်စားသောက်တဲ့ diet ကအစ ကိုယ့် skin and body care တွေပါ အသေးစိတ် ပြောင်းလဲနေပြီ။ chillies တို့ရော ??? 🌶🌶❤️Sharing is Caring Chillies ချစ်တဲ့နေခြည်”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…။

Source-Beautybynaychi

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*