Covid-19 ကာလမှာ dead body (28) လောင်းကျော်ရဲ့ ဘဝနေဝင်ချိန်များကို အေးချမ်းစွာ ပို့ဆောင်ပေးပြီး ကုသိုလ်ယူခဲ့တဲ့ ရွှေပိုးအိမ်

ပရိသတ်ကြီးရေ မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ ဗီဒီယိုဇာတ်ကားပေါင်းများစွာရိုက်ကူးခဲ့ပြီး ပရိသတ်အားပေးမှုများစွာရရှိထားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။သူမကတော့ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးပီပြင်အောင်သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင်တစ်ဦးဆိုလဲမမှားပါဘူးနော်။

ရွှေပိုးအိမ်ကတော့ အလှူအတန်းရက်ရောသူဖြစ်တာကြောင့် သူရရှိတဲ့အနုပညာကြေးလေးတွေနဲ့ အမြဲလိုလို လှူဒါန်းမှုတွေပြုလုပ်လေ့ရှိသူတစ်ဦးပါ။ဒါ့အပြင် သူမက စိတ်သဘောထားပြည့်ဝပြီး သူတစ်ပါးကိုအမြဲကူညီတတ်သလို လူမှုအကျိုးပြုပရဟိတလုပ်ငန်းတွေလည်း ပါဝင်ကူညီပေးနေသူတစ်ဦးလဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်တော့ ရွှေပိုးအိမ်က “ Covid-19 ကာလမှာ နာကူ(ရန်ကုန်)မှ ဦးမောင်ရဲ့ ပရဟိတ လမ်းပြမှုတွေနဲ့အတူ ရွှေပိုးသက်စေ့ dead body (28) လောင်းကျော်ရဲ့ ဘဝနေဝင်ချိန်များကို အေးချမ်းစွာ ပို့ဆောင်ပေးခဲ့ပါပြီပြုပြု သမျှ ကုသိုလ်ကောင်းမှု အားလုံးကို အမျှ အမျှ အမျှ ပေးပါတယ် သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေ။”ဆိုပြီး ကုသိုယူခဲ့တဲ့အကြောင်းလေးကို မျှဝေလာခဲ့ပါတယ်။ပရိသတ်ကြီးကလည်းရွှေပိုးအိမ်ရဲ့ ပြုသမျှကောင်းမှုကုသိုလ်တွေအတွက် သာဓုခေါ်ဆိုခဲ့ကြပါအုံးနော်..။

Source-Shwe Poe Eain

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*