မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ Covid 19 ကာလအတွက် ထောက်ပံ့ပေးတဲ့ပစ္စည်းတွေက သူဘဝမှာပထမဆုံးရဖူးခြင်းဖြစ်လို့ ပျော်မဆုံးဖြစ်နေတဲ့ ဝိုင်းလေး

ပရိသတ်ကြီးရေ ဝိုင်းလေးကတော့ အိပ်မက်ဆုံရာ Season (4) သီချင်းဆိုပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Second Winner Up ဆုကိုပိုင်ဆိုင်ခဲ့တဲ့အပြင် ပရိသတ်အားပေးမှုများစွာကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒါ့အပြင် (၂၀၁၄)ခုနှစ်မှာကျင်းပပြုလုပ်တဲ့ Miss World (2014) ပြိုင်ပွဲကြီးမှာလည်း Winner ဆုကို ရရှိခဲ့ပါသေးတယ်။

ဝိုင်းလေးကတော့ ပရိသတ်တွေအကြိုက်နဲ့ထပ်တူကျတဲ့ သီချင်းပေါင်းများစွာထွက်ရှိထားပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်နေနဲ့ အနုပညာလောကမှာ ရပ်တည်နေသူတစ်ဦးဆိုလဲ မမှားပါဘူးနော်..။ဒီနေ့မှာဆိုရင်တော့ ဝိုင်းလေးက မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ Covid 19 ကာလ ထောက်ပံ့ရေး အနေနဲ့ အခြေခံစားသောက်ကုန်များရရှိခဲ့တဲ့ အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်ကနေ မျှဝေလာခဲ့ပါတယ်။

သူမကတော့ “ ဘဝမှာ ပထမဆုံးသော ရဖူးခြင်း ❤️မြန်မာနိုင်ငံ ဂီတ အစည်းရုံး(ဗဟို) မှ Covid 19 ကာလ ထောက်ပံ့ရေး အနေနဲ့ ဆန် ဆီ ဆား ကြက်သွန် ငါးသေတ္တာများ လာရောက် ပေးပို့သွားပါတယ်ဂီတအစည်းရုံးမှ တာဝန်ရှိ လူကြီးမင်းများအားလုံး ကို ဝိုင်းလေး ကျေးဇူးတင်ပါတယ်ရှင့်❤️🙏” ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးရေ ဝိုင်းလေးကတော့ သူမကို လာရောက်ပေးတဲ့ ပစ္စည်းတွေကို လိုအပ်တဲ့နေရာများကို ပြန်လည်လှူဒါန်းမှာပါတဲ့နော်…။

Source-Wyne Lay

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*