ထိပ်ထိပ်လေးကိုယ်တိုင်ဂစ်တာတီးပြီး သားအမိနှစ်ယောက်အတူ သီချင်းဆိုထားတဲ့ ဗီဒီယိုလေးကို မျှဝေလာတဲ့ ခိုင်သင်းကြည်

ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် ခိုင်သင်းကြည်ကတော့ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်မှုတွေကြောင့် အကယ်ဒမီနှစ်ဆုတိတိ ဆွတ်ခူးရရှိထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ခိုင်သင်းကြည်အနေနဲ့ သရုပ်ဆောင်တော်ရုံသာမက မိသားစုအပေါ်မှာလည်း ဂရုစိုက်ကြင်နာတတ်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက် ဖြစ်ပါတယ်။

ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာအောင်မြင်မှုတွေရရှိနေတဲ့အပြင် ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားတာကြောင့် ပရိသတ်တွေအားကျနေရသူဆိုလဲ မမှားပါဘူးနော် ။ လက်ရှိမှာတော့ ခိုင်သင်းကြည်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေရပ်နားထားပြီး ခင်ပွန်းဖြစ်သူနဲ့ သမီးလေးကို အချိန်ပေးရင်း Saty Home ကာလကို ဖြတ်သန်းနေတာပဲဖြစ်ပါတယ်။

ဒီနေ့မှာဆိုရင်တော့ ခိုင်သင်းကြည်က ထိပ်ထိပ်လေးကိုယ်တိုင်ဂစ်တာတီးပြီး သားအမိနှစ်ယောက်အတူ သီချင်းဆိုထားတဲ့ ဗီဒီယိုလေးကိုပရိသတ်တွေအတွက် တင်ပေးထားပါတယ်။သူမကတော့ “ ထိပ်လေးနဲ့အတူအပျော်လေးပါ(ထိပ်ဂီတာသင်တာ၁လနဲ့Covidကြောင့်ဆရာမမလာနိုင်တော့လို့ beginner အဆင့်ဘဲရှိပါသေးတယ်နော်” ဆိုပြီး သားအမိနှစ်ယောက်သီချင်းဆိုနေတဲ့ဗီဒီယိုလေးကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေထားတာပဲဖြစ်ပါတယ် ပရိသတ်ကြီးရေ…..။

Source-Khine Thin Kyi

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*