ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူအတွက်ရည်စူးပြီး လူ ၃၀၀စာ အာဟာရဒါနလှူဒါန်းခဲ့တဲ့ ဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ အကယ်ဒမီများရှင် ဝါဝါဝင်းရွှေရဲ့ ခင်ပွန်းဖြစ်သူကတော့ ဘဝတစ်ပါးသို့ပြောင်းရွှေ့ကွယ်လွန်သွားတာ (၁၀)လပြည့်သွားခဲ့ပြီပဲဖြစ်ပါတယ်။ခင်ပွန်းဖြစ်သူရဲ့(၁၀)လပြည့်တဲ့နေ့လေးမှာတော့ ဝါဝါဝင်းရွှေက ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးခဲ့တဲ့အကြောင်းကို သူ့ရဲ့လူမှုကွန်ရက်ကနေမျှဝေထားတာပဲဖြစ်ပါတယ်။

“ ဘယ်တော့မှမေ့မရနှိုင်တဲ့ ဒယ်ဒီရေကျန်ရစ်သူက ရက်တွေ လက်ရေချိုးတော့—ရက်ပေါင်း ၃၀၀ ၊ လပေါင်း ၁၀ လပြည့်ခံ့ပြန်ပါပြီ၊မိုးတမ်မဲတွေ တလိပ်လိပ်တက်ပြီးဘယ်အညိုးနဲ့များရွာနေတာလားမိုး ဒေဝါရယ်မြရွှေပင်ဓမ္မရိပ် မှာ ကွာရတင်းကြနေတဲ့လူ ၃၀၀ ကို ဒယ်ဒီအတွက်ရည်စူးပြီးအဟာရဒါန ကြာဇံကြော် ဘူး၃၀၀ လှူဘို့ကိုယ်တိုင်လုပ်ကိုင်နေတဲ့ အချိန်မှာပေါ့ ဆုတောင်းပြည့်ခဲ့ပါပြီ ဒီနေ့မှာတော့ မိုးလွတ် လေလွတ်နဲ့အလှူတခုအထမြောက်ခဲ့ပါပြီ

ချစ်မာကိုယ်တိုင်ထိုးတဲ့ပန်းလေး ဒယ်ဒီကတဆင့် မြတ်စွာဘုရားကိုလှူပါနော်ခုလိုလမိုက်ညမှာ ဒယ်ဒီမှောင်ထဲမှာနေရမှာပေါ့လပြည့်ညရောက်ပြန်တော့လဲ ဒယ်ဒီအိပ်စက်တဲ့နေရာလေးကလရောင်ရဲ့အေးမြတဲ့အလင်းအောက်မှာသာယာ တိတ်ဆိပ်နေမှာပါနော်။ နေပူရင်ပူရှာမှာပေါ့။ မိုးကြီးရင်တော့ဒယ်ဒီနားခိုရာလေးကလုံပါတယ်ပေါ့လို့ ရူးခဲ့ရပြန်တယ်။ဒယ်ဒီလူ့ဘဝတုန်းက ချစ်မာ နဲ့ပြုခဲ့ကြတဲ့ကုသိုလ်ကောင်းမှုတွေရောနေ့စဉ် လစဉ် လုပ်တဲ့ကုသိုလ်တွေ ဒီနေ့ပြုလုပ်တဲ့ကုသိုလ် တွေကို မြင့်မြတ်တဲ့ဘုံဘဝကနေ သာဓု ခေါ်ပါနော်။ဝေနေယျပုဂ္ဂိုလ် အပေါင်းကိုလည်းအမျှ အမျှ အမျှ ပေးဝေလိုက်ပါတယ်။”ဆိုပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအတွက်လည်း ဝါဝါဝင်းရွှေရဲ့အလှူလေးကိုသာဓုခေါ်ဆိုပေးခဲ့ပါအုံးနော်..။

Source-Wa Wa Win Shwe

Zawgyi

ကြယ္လြန္သြားၿပီျဖစ္တဲ့ ခင္ပြန္းျဖစ္သူအတြက္ရည္စူးၿပီး လူ ၃၀၀စာ အာဟာရဒါနလႉဒါန္းခဲ့တဲ့ ဝါဝါဝင္းေ႐ႊ

ပရိသတ္ႀကီးေရ အကယ္ဒမီမ်ားရွင္ ဝါဝါဝင္းေ႐ႊရဲ႕ ခင္ပြန္းျဖစ္သူကေတာ့ ဘဝတစ္ပါးသို႔ေျပာင္းေ႐ႊ႕ကြယ္လြန္သြားတာ (၁၀)လျပည့္သြားခဲ့ၿပီပဲျဖစ္ပါတယ္။ခင္ပြန္းျဖစ္သူရဲ႕(၁၀)လျပည့္တဲ့ေန႔ေလးမွာေတာ့ ဝါဝါဝင္းေ႐ႊက ေကာင္းမႈကုသိုလ္ေတြျပဳလုပ္ေပးခဲ့တဲ့အေၾကာင္းကို သူ႔ရဲ႕လူမႈကြန္ရက္ကေနမွ်ေဝထားတာပဲျဖစ္ပါတယ္။

“ ဘယ္ေတာ့မွေမ့မရႏႈိင္တဲ့ ဒယ္ဒီေရက်န္ရစ္သူက ရက္ေတြ လက္ေရခ်ိဳးေတာ့—ရက္ေပါင္း ၃၀၀ ၊ လေပါင္း ၁၀ လျပည့္ခံ့ျပန္ပါၿပီ၊မိုးတမ္မဲေတြ တလိပ္လိပ္တက္ၿပီးဘယ္အညိဳးနဲ႔မ်ား႐ြာေနတာလားမိုး ေဒဝါရယ္ျမေ႐ႊပင္ဓမၼရိပ္ မွာ ကြာရတင္းၾကေနတဲ့လူ ၃၀၀ ကို ဒယ္ဒီအတြက္ရည္စူးၿပီးအဟာရဒါန ၾကာဇံေၾကာ္ ဘူး၃၀၀ လႉဘို႔ကိုယ္တိုင္လုပ္ကိုင္ေနတဲ့ အခ်ိန္မွာေပါ့ ဆုေတာင္းျပည့္ခဲ့ပါၿပီ ဒီေန႔မွာေတာ့ မိုးလြတ္ ေလလြတ္နဲ႔အလႉတခုအထေျမာက္ခဲ့ပါၿပီ

ခ်စ္မာကိုယ္တိုင္ထိုးတဲ့ပန္းေလး ဒယ္ဒီကတဆင့္ ျမတ္စြာဘုရားကိုလႉပါေနာ္ခုလိုလမိုက္ညမွာ ဒယ္ဒီေမွာင္ထဲမွာေနရမွာေပါ့လျပည့္ညေရာက္ျပန္ေတာ့လဲ ဒယ္ဒီအိပ္စက္တဲ့ေနရာေလးကလေရာင္ရဲ႕ေအးျမတဲ့အလင္းေအာက္မွာသာယာ တိတ္ဆိပ္ေနမွာပါေနာ္။ ေနပူရင္ပူရွာမွာေပါ့။ မိုးႀကီးရင္ေတာ့ဒယ္ဒီနားခိုရာေလးကလုံပါတယ္ေပါ့လို႔ ႐ူးခဲ့ရျပန္တယ္။ဒယ္ဒီလူ႔ဘဝတုန္းက ခ်စ္မာ နဲ႔ျပဳခဲ့ၾကတဲ့ကုသိုလ္ေကာင္းမႈေတြေရာေန႔စဥ္ လစဥ္ လုပ္တဲ့ကုသိုလ္ေတြ ဒီေန႔ျပဳလုပ္တဲ့ကုသိုလ္ ေတြကို ျမင့္ျမတ္တဲ့ဘုံဘဝကေန သာဓု ေခၚပါေနာ္။ေဝေနယ်ပုဂၢိဳလ္ အေပါင္းကိုလည္းအမွ် အမွ် အမွ် ေပးေဝလိုက္ပါတယ္။”ဆိုၿပီး ေရးသားထားတာပဲျဖစ္ပါတယ္။ပရိသတ္ႀကီးအတြက္လည္း ဝါဝါဝင္းေ႐ႊရဲ႕အလႉေလးကိုသာဓုေခၚဆိုေပးခဲ့ပါအုံးေနာ္..။

Be the first to comment

Leave a Reply

Your email address will not be published.


*