မနက်ဖြန်စနေနေ့မှာ သီချင်းအသစ်လေးထွက်မယ့်အကြောင်း ပရိသတ်တွေကိုသတင်းကောင်းပါးလိုက်တဲ့ စန္ဒီမြင့်လွင်

စန္ဒီမြင့်လွင်ကတော့ ပရိသတ်အချစ်တော်အဆိုတော်တွေထဲကတစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကတော့ လူငယ်တွေရဲ့ပါးစပ်ဖျားမှာရေပန်းစားနေရာယူထားပြီး တေးစီးရီးအယ်ဘမ်ပေါင်းများစွာကိုလည်း ထွက်ရှိအောင်မြင်ထားတာဖြစ်ပါတယ်။

လတ်တလောမှာလည်း စန္ဒီမြင့်လွင်က ဆိုဖီယာနဲ့အတူ အခွေထွက်ဖို့စီဆင်ထားတာဖြစ်ပြီး မေလ(၁)ရက်နေ့မှာပရိသတ်တွေအရှေ့ချပြဖို့ စီစဉ်ထားပေမယ့် ကမ္ဘာကြီးနေမကောင်းဖြစ်နေတာကြောင့် ခဏတာရပ်နားထားရတာဖြစ်ပါတယ်။ ဒီရောဂါကြီးပြီးရင်တော့ ဒီအခွေလေးကို ပရိသတ်တွေလက်ထဲ အမြန်ဆုံးထည့်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း မနက်ဖြန်စနေနေ့မှာ ပရိသတ်တွေအတွက်သီချင်းအသစ်လေးတစ်ပုဒ်ကိုချပြသွားမယ်ဆိုတဲ့အကြောင်း သူမရဲ့လူမူကွန်ရက်မှာရေးသားဖော်ပြထားခဲ့ပါတယ်။အဲဒီအကြောင်းလေးကိုတော့ စန္ဒီမြင့်လွင်က ”မနက်ဖြန်စနေနေ့သီချင်းအသစ်တင်မယ်@jooxကနေတင်ပါမယ်”ဆိုပြီးရေးသားထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ ဘာသီချင်းလေးဖြစ်မယ်ထင်လဲဆိုတာ စောင့်မျှော်အားပေးလိုက်ကြရအောင်နော်….

Source. Sandy Myint Lwin

Zawgyi

မနက္ျဖန္စေနေန႔မွာ သီခ်င္းအသစ္ေလးထြက္မယ့္အေၾကာင္း ပရိသတ္ေတြကိုသတင္းေကာင္းပါးလိုက္တဲ့ စႏၵီျမင့္လြင္

စနၵီျမင့္လြင္ကေတာ့ ပရိသတ္အခ်စ္ေတာ္အဆိုေတာ္ေတြထဲကတစ္ေယာက္အပါအဝင္ပဲျဖစ္ပါတယ္။ သူ႔ရဲ႕သီခ်င္းေတြကေတာ့ လူငယ္ေတြရဲ႕ပါးစပ္ဖ်ားမွာေရပန္းစားေနရာယူထားၿပီး ေတးစီးရီးအယ္ဘမ္ေပါင္းမ်ားစြာကိုလည္း ထြက္႐ွိေအာင္ျမင္ထားတာျဖစ္ပါတယ္။

လတ္တေလာမွာလည္း စနၵီျမင့္လြင္က ဆိုဖီယာနဲ႔အတူ အေခြထြက္ဖို႔စီဆင္ထားတာျဖစ္ၿပီး ေမလ(၁)ရက္ေန႔မွာပရိသတ္ေတြအေ႐ွ႕ခ်ျပဖို႔ စီစဥ္ထားေပမယ့္ ကမၻာႀကီးေနမေကာင္းျဖစ္ေနတာေၾကာင့္ ခဏတာရပ္နားထားရတာျဖစ္ပါတယ္။ ဒီေရာဂါႀကီးၿပီးရင္ေတာ့ ဒီအေခြေလးကို ပရိသတ္ေတြလက္ထဲ အျမန္ဆံုးထည့္ေပးမွာျဖစ္တယ္လို႔ သိရပါတယ္။

လက္႐ွိမွာလည္း မနက္ျဖန္စေနေန႔မွာ ပရိသတ္ေတြအတြက္သီခ်င္းအသစ္ေလးတစ္ပုဒ္ကိုခ်ျပသြားမယ္ဆိုတဲ့အေၾကာင္း သူမရဲ႕လူမူကြန္ရက္မွာေရးသားေဖာ္ျပထားခဲ့ပါတယ္။အဲဒီအေၾကာင္းေလးကိုေတာ့ စႏၵီျမင့္လြင္က ”မနက္ျဖန္စေနေန႔သီခ်င္းအသစ္တင္မယ္@jooxကေနတင္ပါမယ္”ဆိုၿပီးေရးသားထားခဲ့တာျဖစ္ပါတယ္။ ပရိသတ္ႀကီးေရ ဘာသီခ်င္းေလးျဖစ္မယ္ထင္လဲဆိုတာ ေစာင့္ေမ်ွာ္အားေပးလိုက္ၾကရေအာင္ေနာ္….

Be the first to comment

Leave a Reply

Your email address will not be published.


*