ဆေးခန်းမှာစနစ်တကျနဲ့ မိသားစုလိုက်တုတ်ကွေးရောဂါကာကွယ်ဆေးထိုးခဲ့ကြတဲ့ ဆုပန်ထွာတို့မိသားစု

ပရိသတ်တွေ လေးစားအားကျနေရတဲ့ အနုပညာရှင်မိသားစုလေးတွေထဲမှာတော့ ဆုပန်ထွာတို့မိသားစုလေးက တစ်ခုအပါအဝင်ပဲဖြစ်ပါတယ်။ ဆုပန်ထွာကတော့ အိမ်ထောင်ကျကံကောင်းသူတစ်ယောက်ဖြစ်ပြီး ခင်ပွန်းဖြစ်သူရဲ့ အရိပ်တကြည့်ကြည့်နဲ့ချစ်တာကိုခံနေရသလို သူမကလည်း မိသားစုအပေါ်မှာတာဝန်ကျေပွန်တဲ့ အိမ်ထောင်ရှင်မကောင်းတစ်ယောက်လဲဖြစ်ပါတယ်။

လက်ရှိမှာလည်း မိသားစုရဲ့ကျန်းမာရေးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ မိုးရာသီရောက်လာပြီမို့ တုတ်ကွေးရောဂါကာကွယ်ဆေးကို မိသားစုလိုက်ထိုးခဲ့ကြတာဖြစ်ပါတယ်။အဲဒီအကြောင်းလေးကိုတော့ ”ဒီဆေးထိုးဖို့ ဆေးမရှိသေးတာမို့ ရက်တော်တော်စောင့်ပြီးမှရပါတယ်။ဒီနှစ်ကအရင်နှစ်နဲ့မတူ Covid 19 ကပ်ရောဂါရှိတာမို့ ရောဂါလဏ္ခာတူတဲ့အတွက် ပိုထိုးသင့်တာမို့ သွားထိုးခဲ့ပါတယ်။ခုအချိန်မဖြစ်မနေဆေးရုံဆေးခန်းသွားရတာမို့ ရင်ထဲတထိတ်ထိတ်နဲ့ပါ။

ကာကွယ်ဆေးမထိုးမဖြစ်လို့ သွားရတယ်ဆိုပေမယ့်တစ်မိသားစုလုံး Save ဖြစ်အောင် ဆေးရုံထဲဘယ်မှမထိုင်ဖြစ်ပဲ မြန်မြန်ဆေးထိုး၊မြန်မြန်ပြန်လာ၊ အိမ်ရောက်တော့ အကုန်လုံးနောက်‌ပေါက်ကနေ ရေချိုးခန်းထဲတန်းဝင် ခေါင်းလျော်ရေမိုးချိုးကြပြီးမှ အိမ်ထဲဝင်ကြပါတယ်။ အိန်းကျီတွေတစ်ခါတည်းလျော်စက်ထဲတန်းထည့်လျော်ကြနဲ့။ ဒီတစ်ခါအိမ်အပြင်တစ်ခါထွက်ရတာ စိုးရိမ်စိတ်ပေါင်းများစွာနဲ့ပါ။ ”ဆိုပြီးရေးသားဖော်ပြထားခဲ့ပါတယ်။

Source-Supan Htwar

Zawgyi

ေဆးခန္းမွာစနစ္တက်နဲ့ မိသားစုလိုက္တုတ္ေကြးေရာဂါကာကြယ္ေဆးထိုးခဲ့ၾကတဲ့ ဆုပန္ထြာတို႔မိသားစု

ပရိသတ္ေတြ ေလးစားအားက်ေနရတဲ့ အနုပညာရွင္မိသားစုေလးေတြထဲမွာေတာ့ ဆုပန္ထြာတို႔မိသားစုေလးက တစ္ခုအပါအဝင္ပဲျဖစ္ပါတယ္။ ဆုပန္ထြာကေတာ့ အိမ္ေထာင္က်ကံေကာင္းသူတစ္ေယာက္ျဖစ္ၿပီး ခင္ပြန္းျဖစ္သူရဲ႕ အရိပ္တၾကည့္ၾကည့္နဲ႔ခ်စ္တာကိုခံေနရသလို သူမကလည္း မိသားစုအေပၚမွာတာဝန္ေက်ပြန္တဲ့ အိမ္ေထာင္႐ွင္မေကာင္းတစ္ေယာက္လဲျဖစ္ပါတယ္။

လက္႐ွိမွာလည္း မိသားစုရဲ႕က်န္းမာေရးကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ မိုးရာသီေရာက္လာၿပီမို႔ တုတ္ေကြးေရာဂါကာကြယ္ေဆးကို မိသားစုလိုက္ထိုးခဲ့ၾကတာျဖစ္ပါတယ္။အဲဒီအေျကာင္းေလးကိုေတာ႔ ”ဒီေဆးထိုးဖို့ ေဆးမရွိေသးတာမို့ ရက္ေတာ္ေတာ္ေစာင့္ၿပီးမွရပါတယ္။ဒီႏွစ္ကအရင္ႏွစ္နဲ႔မတူ Covid 19 ကပ္ေရာဂါရွိတာမို့ ေရာဂါလဏၡာတူတဲ့အတြက္ ပိုထိုးသင့္တာမို႔ သြားထိုးခဲ့ပါတယ္။ခုအခ်ိန္မျဖစ္မေနေဆး႐ုံေဆးခန္းသြားရတာမို႔ ရင္ထဲတထိတ္ထိတ္နဲ႔ပါ။

ကာကြယ္ေဆးမထိုးမျဖစ္လို႔ သြားရတယ္ဆိုေပမယ္႔တစ္မိသားစုလုံး Save ျဖစ္ေအာင္ ေဆး႐ုံထဲဘယ္မွမထိုင္ျဖစ္ပဲ ျမန္ျမန္ေဆးထိုး၊ျမန္ျမန္ျပန္လာ၊ အိမ္ေရာက္ေတာ့ အကုန္လုံးေနာက္‌ေပါက္ကေန ေရခ်ိဳးခန္းထဲတန္းဝင္ ေခါင္းေလ်ာ္ေရမိုးခ်ိဳးၾကၿပီးမွ အိမ္ထဲဝင္ၾကပါတယ္။ အိန္းက်ီေတြတစ္ခါတည္းေလ်ာ္စက္ထဲတန္းထည့္ေလ်ာ္ၾကနဲ႔။ ဒီတစ္ခါအိမ္အျပင္တစ္ခါထြက္ရတာ စိုးရိမ္စိတ္ေပါင္းမ်ားစြာနဲ႔ပါ။ ”ဆိုၿပီးေရးသားေဖာ္ျပထားခဲ့ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*