ချစ်ခင်ပွန်းအောင်သူရဲ့မွေးနေ့အတွက် ကြည်နူးစရာဆုမွန်ကောင်းလေးတောင်းပေးခဲ့တဲ့အပြင် ဘောလုံးကွင်းကိတ်မုန့်ကြီးနဲ့ မွေးနေ့ Supriseလုပ်ခဲ့တဲ့ ပိုးအိအိခန့်

ပရိသတ်ကြီးရေ မြန့်မာလက်ရွေးစင်ဘောလုံးအားကစားသမားအောင်သူနဲ့ သရုပ်ဆောင်ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ပိုင်ဆိုင်ထားပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်သူတွေဖြစ်ပါတယ်။ဒီနေ့မေလ(၂၂)ရက်နေ့လေးကတော့ အောင်သူရဲ့ မွေးနေ့ရက်မြတ်လေးပဲဖြစ်ပါတယ်ပရိသတ်ကြီးရေ ။

ပိုးအိအိခန့်ကတော့ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့လေးမှာ “ Happy Birthday ပါ ယောကျာ်းရေ Stay home မှာ date တွေတောင် မေ့နေတဲ့ ယောကျာ်းကို surprise လုပ်ရတာ အရမ်း ကျေနပ်ပါတယ်တစ်အိမ်ထဲတူတူနေနေတော့ သူမသိအောင် အဖွဲ့လိုက် ကြံစည်ပြီး စီစဉ်ရတာ ပျော်စရာတော့ကောင်းသားစီစဉ်ထားတဲ့အတိုင်းလည်း အားလုံးဖြစ်တော့ အားလုံးလည်းပျော် မွေးနေ့ရှင်လည်း surprise ဖြစ်ပြီးပျော်…..”

ယောကျာ်းရေ အခု မွေးနေ့ကစပြီး ဖြစ်ချင်တာ လိုချင်တာ တောင့်တတာမှန်သမျှ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကြပါစေလို့ မိန်းမဆုတောင်းပေးပါတယ်ရှေ့ဆက်ရမယ့် ဘဝကြီးကို အေးအတူ ပူအမျှ တူတူရင်ဆိုင်သွားဖို့လည်း မိန်းမက အဆင်သင့်ပါ….ကိုရယ် ဖောင်းရယ် သားလေးရယ် ဒီမိသားစုဘဝလေးလည်း အစဉ်ထာဝရ ပျော်ရွှင်အေးချမ်းသာယာပါစေလို့ ဖောင်းကို့မွေးနေ့မှာဆန္ဒပြုပါတယ်ရှင် ချစ်တဲ့မိန်းမ ”ဆိုပြီး မွေးနေ့ဆုမွန်ကောင်းလေးနဲ့အတူ surprise ဗီဒီယိုလေးကို မျှဝေထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးကလည်း အောင်သူရဲ့မွေးနေ့လေးအတွက် ဆုမွန်ကောင်းတောင်းပေးခဲ့ပါအုံးနော်…။

Source-Poe Ei Ei Khant

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*