ကိုယ့်ကို တန်ဖိုးမထားတဲ့ သူတွေနဲ့ မဆုံချင်တဲ့အကြောင်း ရင်ဖွင့်လာတဲ့ G Fatt

ပရိသတ်ကြီးရေ G-fattကတော့ ပရိသတ်အားပေးမှုအခိုင်အမာရရှိထားတဲ့ အဆိုတော်တစ်ဦးဖြစ်ပါတယ်။ G-fattကတော့ အမိုက်စား Rap တွေနဲ့ ပရိသတ်တွေကို ဖမ်းစားတဲ့အပြင် ခံစားချက်တွေနဲ့ သက်ဆိုင်တဲ့သီချင်းတွေကို ကိုယ်တိုင်ရေးစပ်ပြီး သီဆိုလေ့ရှိတဲ့သူတစ်ဦးလဲဖြစ်ပါတယ်။

သူကိုယ်တိုင်ရေးစပ်သီဆိုတဲ့သီချင်းတိုင်းကလည်း ပရိသတ်တွေရဲ့ခံစားချက်နဲ့တိုက်ဆိုင်ပြီး ပရိသတ်ကြားမှာ အမြဲရေပန်းစားလေ့ရှိပါတယ် ။G Fatt ကတော့ မကြာသေးခင်ကလည်း မြန်မာနိုင်ငံမှာလက်ရှိကြုံတွေနေရတဲ့ အခြေအနေတွေနဲ့ပတ်သက်တဲ့ သီချင်းလေးတစ်ကပုဒ်ဖြစ်တဲ့ “ကျွန်တော်ချစ်သောမြေပုံလေး”ဆိုတဲ့ သီချင်းလေးထွက်ရှိထားတာပဲဖြစ်ပါတယ်။

G Fatt ကတော့ သူရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး အမြဲချပြလေ့ရှိသူတစ်ဦးဖြစ်သလို ခံစားချက်တွေကိုလည်း သူ့ရဲ့လူမှုကွန်ရက်ကနေ ရင်ဖွင့်လေ့ရှိပါတယ်။ ဒီနေ့မှာဆိုရင်လည်း G Fattက “လူတွေကို စိတ်မဆိုးချင်ဘူး..။ကိုယ့်ကို တန်ဖိုးမထားတဲ့ လူတွေနဲ့လည်း မဆုံချင်ဘူး” ဆိုပြီးသူ့ရဲ့ခံစားချက်တစ်ချို့ကို Facebook MyDay ရင်ဖွင့်လာခဲ့ပါတယ်။ပရိသတ်ကြီးလည်း ခံစားချက်တွေကို အမြဲရင်ဖွင့်တတ်တဲ့ G Fatt အတွက်အားပေးစကားလေးပြောခဲ့ပါအုံးနော်…။

Source-G Fatt Myday

Zawgyi





Be the first to comment

Leave a Reply

Your email address will not be published.


*